ဒဏ်ရာကုစားနည်း - ပြည့်

62 5 0
                                        

ဒဏ်ရာကုစားနည်း - ပြည့်
၂၀၂၀ အမတနှင်းဆီစာပေ

ဒီစာအုပ်ကို ဘယ်လောက်ပေးခဲ့ရတယ်လို့ထင်လဲ။ သူငယ်ချင်းကတော့ ၇၀၀၀ လောက်ပေးရလားလို့ ခန့်မှန်းတယ်။ တကယ်က
၁၂၀၀ ကျပ်ပဲ ပေးခဲ့ရပါတယ်။ ဒီခေတ်ကာလထဲ ၁၂၀၀ ကျပ်နဲ့ ဝယ်လို့ရသေးတဲ့စာအုပ်ရှိနေပြီး အဲဒီစာအုပ်ကလည်း သိပ်ကိုကျေနပ်ဖို့ကောင်းတဲ့ အရေးအသားတွေနဲ့ဆိုရင် မညွှန်းစရာမရှိဘူးမလားလေ။

စာအုပ်အကြောင်း မပြောခင် ဝယ်ဖြစ်ပုံကိုလည်း ပြောရဦးမယ်။ ဟိုတလောကမှ အသစ်
စက်စက် မိတ်ဖွဲ့ဖြစ်တဲ့ သူငယ်ချင်းလေးနဲ့ ပထမဆုံးတွေ့ဖြစ်ကြတော့ သူ့ကို ပြည့် ရဲ့ ပထမစာအုပ် "စိတ်ကူးထဲကခြေသံ" လက်ဆောင်ပေးဖြစ်တယ်။ အဲဒီထဲက "အချစ်မှာ အကြောင်းပြချက်လိုတယ်" အပုဒ်ကို နှစ်ယောက်လုံး တအား နားလည်နိုင်နေလို့လေ။

အဲဒါနဲ့ စကားဆက်ပြောကြရင်း သူလည်း ပြည့် ရဲ့ ပရိသတ်ဖြစ်သွားပြီတဲ့။ ဒုတိယစာအုပ်ရှာနေ
တယ်တဲ့။ ကိုယ့်မှာက ဒဏ်ရာကုစားနည်းက ၂ အုပ်မရှိနေဘူး။ ဒါပေမဲ့ ဒီနေ့ ဝန်ကြီးများရုံးက
Latern House ရောက်ဖြစ်ရင်း အမှတ်မထင် တွေ့တာနဲ့ ဝယ်လာပေးဖြစ်တယ်။ ၁၂၀၀ ကျပ်ပဲပေးခဲ့ရပါတယ်။ (တခြားဆိုင်တွေမှာတော့ မသိပါနော်)

ဆိုတော့ ဒီစာအုပ်က ကိုယ်က ထွက်ထွက်ချင်းဖတ်ပြီးသားပဲ။ သေချာတယ်။ အဲဒီထဲက စိတ်ဖြေတေး ကို အမြဲမှတ်မှတ်ရရဖြစ်နေတာကိုး။ ဒါပေမဲ့ တခြားအပုဒ်တွေကို ပြန်ဖတ်ချိန်မှာ ဟင် ဒါ ကိုယ်ဖတ်ဖူးတာ သေချာရဲ့လား ဆိုပြီး ဖြစ်သွားတယ်။

ဘာကြောင့် အဲဒီလိုဖြစ်ရလဲဆိုတာတွေးကြည့်မိတော့ ၂၀၂၀ လောက်တုန်းက ကိုယ်နဲ့ ၂၀၂၅ က ကိုယ်က မတူတော့လို့ပါပဲ။ မိန်းမတစ်ယောက်ရဲ့
ဖြစ်တည်မှု၊ မိန်းမတစ်ယောက်အဖြစ် ဖြတ်သန်း
ရမှု၊ မိန်းမတစ်ယောက်အနေနဲ့ ခံစားရမှုတွေကို
ကိုယ်တိုင်သိလာခဲ့ပြီး Feminism ကိုလည်း ပိုလေ့လာဖြစ်ခဲ့တာမို့လို့ ၂၀၂၀ တုန်းက မသိရှိသေးတာတွေကို အခု ၂၀၂၅ မှာတော့ အများကြီး သိလာခဲ့ပြီမို့လို့ပါပဲ။ အခုပြန်ဖတ်ချိန်မှာ
ဒီစာအုပ်ဟာ ကိုယ့်အကြိုက်ဆုံးစာရင်းထဲ ပါလာပါတော့တယ်။

Random Thoughts on BOOKSDonde viven las historias. Descúbrelo ahora