မေတ္တာမီးအိမ် - ကြည်အေး

69 6 0
                                        

မေတ္တာမီးအိမ် - ကြည်အေး

မြန်မာ့လူ့အဖွဲ့အစည်းမှာ မိဘတွေရဲ့ထိန်းကွပ်ပုံအလွဲတွေအကြောင်း သိနေ မြင်နေကြရပေမယ့် အဲဒါရဲ့နောက်ဆက်တွဲအနေနဲ့ ရှင်သန်ကြီးပြင်းလာရတဲ့ သားသမီးအပေါ် ရိုက်ခတ်မှုကိုတော့ ပြောကြတာရှားပါလိမ့်မယ်။ ဖခင်နဲ့ပတ်သက်လို့၊ မိဘနဲ့ပတ်သက်လို့ နာကျင်စရာ စိတ်ဒဏ်ရာတွေ ရခဲ့ကြတဲ့ ကလေးတွေ အကြောင်း ပြောကြတဲ့အခါ မြန်မာစာအုပ်တွေထဲမှာတော့ ကြည်အေး ရဲ့ မေတ္တာမီးအိမ် က ထိပ်ဆုံးက ပါဝင်နေဦးမယ့် ဂန္ထဝင်စာအုပ် ဖြစ်နေဆဲပါပဲ။
လွတ်လပ်ရေးရပြီးသိပ်မကြာခင် နှစ်တွေကို အခြေပြုထားတဲ့ ဒီဇာတ်လမ်းထဲက အကြောင်း
အရာတွေဟာ ၂၀၂၅ မှာလည်း ခေတ်မီနေတုန်း
ပါ။

ဒီစာအုပ်ထဲမှာ အဖြူ ဆိုတဲ့မိန်းကလေးဟာ အသက် ၃၀ နားကပ်နေပြီဆိုပေမဲ့ လူ့လောကကြီးအကြောင်း ဘာမှမသိရ၊ သိခွင့်မရှိခဲ့တဲ့ လူချမ်းသာ အထက်တန်းလွှာတစ်ဦး။ သူ့ရဲ့အိပ်
ခန်းကတောင်မှ သံတိုင်တွေနဲ့။ သူ့ဖခင် ဦးကိုလေး ဟာ ချစ်လွန်းလို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူ့ကို အရာရာချုပ်ချယ်ပိတ်လှောင်
ထားခဲ့တယ်။

အမေမရှိတော့တဲ့ အဖြူဟာ ၁၉ နှစ်အရွယ်မှာထဲက စိတ်ကျန်းမာရေးပြဿနာ စ လာခဲ့တယ်။ သူ့အဖေ သေသွားပြီး ငရဲခံနေရပါတယ်လို့ အိပ်မက်တွေမက်လာတယ်။ ဒါနဲ့ပဲ စိတ်ကျန်းမာရေးဆေးရုံကိုပို့ခဲ့ရတယ်။ တော်သေးတာတစ်ခုက စိတ်ကျန်းမာရေးဆေးရုံအုပ်ကြီးက သူ့ဘကြီးဖြစ်နေတော့ အခွင့်ထူးခံဖြစ်ခဲ့ရသလို ဆေးရုံက ဒေါက်တာလှဦး ဆိုတဲ့ လူငယ်ဆရာဝန်လေးရဲ့ ဂရုစိုက်မှုကိုလည်း ရခဲ့ရင်း ဒေါက်တာလှဦးဟာ အဖြူ့ချစ်သူဖြစ်လာခဲ့တယ်။ ဒီလိုပဲ၊ ရောဂါ ဆိုးရွားလာရင် ဆေးရုံတက်ရလိုက်၊ သက်သာလာရင် အဖေကပြန်ခေါ်သွားလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတယ်။

ဒီဆောင်းတစ်ညမှာလည်း အဖြူဟာ အိပ်မက်မက်ပြန်တယ်။ အဖေက သေသွားပြီးနောက် ပြိတ္တာလို၊ ဘီလူးလို ကြီးမားသွားပြီး ငရဲခံနေရတယ်။ အဖြူ့စိတ်ထဲတော့ အဖေ့ကို သိပ်
သနားတာပါပဲ၊ ဒါပေမဲ့ အဖေက သူ့အကုသိုလ်
တွေသူပြန်ခံရရှာတာလို့လည်း တွေးမိတယ်။ အဲဒီလိုကြောက်စရာကောင်းတဲ့အိပ်မက်တွေရဲ့ အဆုံးမှာ ကိုဦးက မီးအိမ်ကလေး ကိုင်ထားရင်း
အဖြူ့ကိုကြိုနေလေ့ရှိတာပဲ။ အဖြူ့အတွက်
တော့ ဒီမီးအိမ်ကလေးဟာ သိပ်အရေးပါတယ်။
ဒါနဲ့ပဲ နိုးလာတော့ ကိုဦး ကို ဖုန်းလှမ်းဆက်ပြီး လာခေါ်ခိုင်းရတယ်။

Random Thoughts on BOOKSOù les histoires vivent. Découvrez maintenant