ကျိန်စာသင့်အတိတ် ချစ်ဆိပ်ရည်ချို - တင်မောင်မြင့် The Reader - Bernhard Schlink

76 4 0
                                        

ကျိန်စာသင့်အတိတ် ချစ်ဆိပ်ရည်ချို - တင်မောင်မြင့်

The Reader by Bernhardt Schlink

The Reader က ကိတ်ဝင်းစလက် အော်စကာဆု
ရတဲ့ ရုပ်ရှင်။ ဒါကို မြန်မာဘာသာပြန်စာအုပ်က
လည်း ရုပ်ရှင်ထဲက ပုံရိပ်လေးနဲ့ ထုတ်ထားတော့
ဖတ်တဲ့အချိန်တိုင်း မမဟန်နာ ကို ကိတ်ဝင်းစလက်နဲ့ပဲ တွဲမြင်တော့တာလည်း မဆန်းပါဘူး။
ကိုယ်ကလည်း ရုပ်ရှင်နဲ့အရင်သိပြီးမှ စာအုပ် ဖတ်လို့ဖြစ်မယ်။

ပြီးတော့ The Reader အကြောင်း .. အဲ မမဟန်နာ အကြောင်းအဓိကပေါ့လေ။ အညွှန်း ကောင်းကောင်းတစ်ခုကို ဖတ်ဖူးခဲ့တယ်။ ပါပီယွန်ရေးတာလားတော့ မမှတ်မိဘူး။ စာအုပ်ရှိမှန်းလည်း အဲဒီအညွှန်းနဲ့မှသိခဲ့တာပါပဲ။ ဒီတော့ မမဟန်နာကို ပိုပြီး ငြိတွယ်ရတာပြန်တာပါပဲ။

ရုပ်ရှင်က စာအုပ်ထဲကအတိုင်းပါပဲ။ Film adaptation မို့လို့ဆိုပြီးပြောင်းလဲသွားတာမျိုးတွေသိပ်မရှိပါဘူး။

မိုက်ကယ်ဘာ့ဂ် ဆိုတဲ့ ဇာတ်ကြောင်းပြောသူ ကောင်လေးက သူ့ရဲ့ ၁၅ နှစ်အရွယ်မှာ မမဟန်နာကို တွေ့ခဲ့တာ။ သူက ကျောင်းသားအရွယ်ပဲ ရှိသေးပေမဲ့ မမဟန်နာလို့ခေါ်တဲ့ ဟန်နာဖရော်ရှမစ် ကတော့ လူလတ်ပိုင်းလောက်
ဖြစ်နေပြီ။ မမဟန်နာက ရထားလက်မှတ်ရောင်း
တယ်။ ဆယ်ကျော်သက်အရွယ် မိုက်ရူးရဲစိတ်နဲ့
မိုက်ကယ်က မမဟန်နာကို အစွဲကြီးစွဲပြီး ဇွတ်ရှေ့တိုးခဲ့တယ်။ မမဟန်နာက လှလည်းလှ၊
ဆွဲဆောင်မှုလည်းရှိတာကိုး။

တခါတလေ မမဟန်နာရဲ့အပြုအမူတွေကိုတော့ သူသိပ်နားမလည်။ မမဟန်နာက သူစာဖတ်ပြနေရင်တော့ ကြိုက်ပါရဲ့။ သူကလည်း မမဟန်နာ ဖတ်ပြခိုင်းသမျှ ရာဇဝင်စာအုပ်တွေ၊ ပြဇာတ်တွေ ကဗျာတွေ ကျောင်းစာတွေကအစ ဖတ်ပြတာပဲ။ အဲဒါမျိုးဆို မမဟန်နာက ငြိမ်ပြီး နားထောင်နေလေ့ရှိတယ်။ ဒါပေမဲ့ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ မမဟန်နာက ဒေါသ
တကြီး ပေါက်ကွဲနေတတ်ပြန်တယ်။

သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက အရူးအမူးဖြစ်ခဲ့ကြပေမဲ့ သိပ်ကြာကြာမခံလိုက်ပါဘူး။ မမဟန်နာက မြို့ကနေ ပျောက်ကွယ်သွားခဲ့တယ်။

အချိန်အတော်ကြာမှ မိုက်ကယ်က သူ့ မမဟန်နာကို ပြန်တွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်မှာလဲဆိုတော့ တရားခွင်တစ်ခုမှာ။ သူက ဥပဒေကျောင်းသား။ မမဟန်နာကတော့ နာဇီအမှုတွဲတွေနဲ့ တရားရင်ဆိုင်နေရတဲ့ နာဇီအစောင့်တစ်ယောက်တဲ့။ မိုက်ကယ့်ရဲ့ ပထမဆုံးအချစ်ဦး၊
မေ့မရနိုင်တဲ့ မမဟန်နာရဲ့ဘဝလျို့ဝှက်ချက်တွေ ...။

ရုပ်ရှင်ကြည့်ပြီးသားသူအဖို့တော့ ဘယ်လိုဇာတ်သိမ်းမလဲ သိထားပြီးသားပါပဲ။ ဒါပေမဲ့ ဇာတ်သိမ်းပိုင်းကိုဖတ်တဲ့အချိန်မှာ စိတ်မကောင်းမှုမျိုး ခံစားခဲ့ရသေးတယ်။ မမဟန်နာရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အပြစ်မတင်နိုင်
တော့။ မိုက်ကယ် ငိုတာကိုလည်း မရှုံ့ချချင်တော့။

တကယ်ပဲ ကျိန်စာသင့်တဲ့ ပတ်သက်မှုတွေရှိနေတာပါပဲ။

"ရှင် အဲဲဒီတုန်းက ၁၅နှစ်ပဲရှိသေးတာတောင် အဲဒီမိန်းမက .." ဆိုတဲ့ အပြစ်တင်သံကိုလည်း
မိုက်ကယ်က ဘယ်လိုမှမတုံ့ပြန်ခဲ့ဘူး။ သူ့အတွက်တော့ မမဟန်နာက အချစ်ဖြစ်ခဲ့တာ။
တစ်ဘဝလုံးစာ အချစ်။ တစ်ဘဝလုံးစာ ရူးသွပ်မှု။ တစ်ဘဝလုံးစာစွဲလမ်းမှု။

အဆုံးသတ်တော့ မိုက်ကယ့်လိုပဲ ကိုယ်တွေလည်း မမဟန်နာကို စွဲလမ်းသွားမိတာပဲမဟုတ်လား။

Random Thoughts on BOOKSМесто, где живут истории. Откройте их для себя