လမ်းဆုံးမှတ်ဉာဏ်များ - အာကာဦး (deadend memories - banana yoshimoto)

56 2 0
                                        

လမ်းဆုံးမှတ်ဉာဏ်များ - အာကာဦး
dead-end memories - banana yoshimoto

၂၀၂၄ မကုန်ခင် ဖတ်မိသွားတဲ့ဒီစာအုပ်ကတော့
တော်တော်ကို ကြိုက်မိသွားတဲ့ထဲပါတယ်။ မူရင်းရေးသူရဲ့ ဟန်ရော၊ ဘာသာပြန်သူရဲ့လက်ရာရော က ဖတ်ချင်လာအောင် ဆွဲဆောင်နိုင်စွမ်းရှိတယ်။

ဒါက ဝတ္ထုတို ၅ ပုဒ်ပါတဲ့ စာအုပ်ပါ။ ၅ ပုဒ်လုံးက သူ့ဟာနဲ့သူ ထူးခြားနေပြီး ဖတ်နေသူရဲ့စိတ်
ထဲကို အတွေးတွေအများကြီးထည့်ပေးတယ်။

"သရဲအိမ်" ၊ "မေမေရေ..."၊ "တစ်စက်ကလေးမှ မနွေးထွေးပါ"၊ "တိုမိုချန်ရဲ့ပျော်ရွှင်မှု"၊ "လမ်းဆုံးမှတ်ဉာဏ်များ" - ၅ ပုဒ်လုံးမှာ မတူညီတဲ့ အမျိုးသမီးဇာတ်ဆောင်တွေရဲ့ရှုထောင့်အမြင်တွေကနေ ပုံဖော်ထားတယ်။ ချစ်ခြင်းမေတ္တာနဲ့ လူမှုပတ်ဝန်းကျင်ပုံစံအမျိုးမျိုးကိုလည်း တွေ့ရတယ်။ ဒါပေမဲ့ ၅ ပုဒ်လုံးမှာ နွေးထွေးတဲ့ လင်းရောင်ခြည်လေးတွေ ပါတယ်လို့ ခံစားမိတယ်။ မွန်းကျပ်စရာအဖြစ်တွေရေးထား
ရင်တောင်မှ သူတို့နဲ့အတူ အသက်ရှူချောင်မိသွားစေတဲ့ ဖြစ်ရပ်လေးတွေပါနေတယ်။

"သရဲအိမ်" အကြောင်းတော့နည်းနည်းရေးဖူးပါတယ်။ အဲဒီတစ်ပုဒ်ကတော့ တော်တော်လေး နွေးနွေးထွေးထွေးနဲ့ ကြည်နူးဖို့ကောင်းတယ်။
"တစ်စက်ကလေးမှ မနွေးထွေးပါ" ကိုတော့
တင်ဆက်ထားပုံအကြိုက်ဆုံးပဲ။ စိတ်မကောင်း
စရာ အဖြစ်အပျက်တွေပါပေမဲ့လည်း ရင်ထဲက အလင်းရောင်တွေအကြောင်း ဖတ်ရင်း ကြည်နူး
မိတာပါပဲ။
"တိုမိုချန်ရဲ့ ပျော်ရွှင်မှု" မှာကျတော့ ဖတ်လာရင်း ဘာကိုပြောချင်တာပါလိမ့်လို့ တွေးနေရင်း
အဆုံးသတ်အပိုဒ်တွေမှာ ကျေနပ်အားရသလို
ဖြစ်သွားတယ်။ အင်းပေါ့၊ တိုမိုချန် ဟာ ဘယ်တော့မှ အဖော်မမဲ့ပါဘူးပဲ။
"လမ်းဆုံးမှတ်ဉာဏ်များ" မှာတော့ (သူ့ထက် နောက်ကျမှရေးပေမဲ့) ကိုယ်အရင်ဖတ်ဖူးတဲ့ မိုရီဆာကီ စာအုပ်ဆိုင်နေ့ရက်များကို သွားမြင်မိတယ်။ အသည်းကွဲလို့ ဦးလေးရဲ့ဆိုင်အပေါ်ထပ် အခန်းလေးမှာလာခွေနေတာလေး တူလို့လေ။ ဒါပေမဲ့ ဒီထဲက နိရှိယာမာ ဆိုတဲ့ဇာတ်ကောင်ရဲ့
ပုံစံကို တော်တော်သဘောကျတယ်။ ဒီတစ်ပုဒ်က စိတ်ထဲမထင်မှတ်ဘဲ စွဲနေမှာမျိုးပဲ။

ပြောရရင်တော့ ဝတ္ထုတိုတွေကို အညွှန်း
သိပ်မရေးချင်ဘူး။ ဒီတိုင်းဖတ်ကြည့်သင့်တဲ့ စာအုပ်ပဲလို့ ပြောပါရစေ။

Random Thoughts on BOOKSМесто, где живут истории. Откройте их для себя