မီးဖိုချောင်ထဲက လရိပ် - ဘနားနားယိုရှီမိုတို (ဘာသာပြန် - မောင်ဒေး)

40 7 0
                                        

မီးဖိုချောင်ထဲက လရိပ် - ဘနားနားယိုရှီမိုတို
(ဘာသာပြန်သူ - မောင်ဒေး)

တကယ်တော့ ဒီစာအုပ်က နာမည်ထဲကလိုပဲ ၂ ပိုင်းပါတယ်၊ မီးဖိုချောင် နဲ့ လရိပ် ဆိုပြီးတော့ ဝတ္ထုလတ် ၂ ပုဒ်ပေါ့။ ဒါပေမဲ့ ဒီပို့စ်က
တော့ မီးဖိုချောင် တစ်ပုဒ်တည်းအတွက် ရေး
ထားတာ၊ မီးဖိုချောင်ကို ဖတ်ရင်း ခံစားမိတာ တွေ ပြောချင်တာ။ ဒီတော့ စာအုပ်အညွှန်းလို
လည်း မဟုတ်သလို ဇာတ်လမ်းအကြောင်း အရာ စပွိုင်လာတွေ ပါချင်ပါမှာပါပဲ။

ဘနားနားယိုရှီမိုတို လို့ပြောလိုက်ရင် အားလုံး
က သူ့လက်ရာ Kitchen နဲ့ တွဲမြင်ကြတယ်။ ဒီ မီးဖိုချောင် ဝတ္ထုက ဘယ်လောက်မှ ရှည်တာ လည်းမဟုတ်ဘူး။ အကြောင်းအရာကလည်း
ဆန်းပြားလှတာမဟုတ်ဘူး။ ဒါပေမဲ့
စာရေးဆရာမ ရဲ့ ပထမဆုံးထုတ်ဝေတဲ့ လက်ရာဖြစ်ပြီး ၁၉၈၇ မှာထွက်ခဲ့တဲ့ ဒီ စာအုပ်က ဂျပန်မှာရော၊ နိုင်ငံတကာမှာပါ ချီးကျူးမှုတွေ ရရှိခဲ့ပြီး ဆုတွေအများကြီးသိမ်းပိုက်ထားနိုင်ခဲ့တယ်။

ဒီစာအုပ်က ဘာအကြောင်းလဲဆိုရင် သေခြင်းတရားကို အချစ်ရဆုံးသူတွေဆီမှာ ကြုံ
တွေ့လိုက်ရလို့ အထီးကျန်နေခဲ့တဲ့ လူ ၂ ယောက်ရယ်၊ သူတို့နှစ်ယောက်ရဲ့အရင်းနှီးဆုံး လူရယ်ပေါ့။

မီခါဂျီ ဆိုတဲ့ ကောင်မလေးနဲ့ ယူအီချီ ဆိုတဲ့ ကောင်လေးတို့က အချစ်ရဆုံး မိသားစုဝင်တွေကို သေခြင်းတရားလက်ထဲ ပေးလိုက်ရတဲ့သူတွေ။ မီခါဂျီက ငယ်ကတည်းက မိဘမဲ့ပြီး အဘွားနဲ့နေရ၊ ပြီးတော့ လက်ရှိမှာ အဘွားကွယ်လွန်သွားလို့ ယောင်ချာချာ ဖြစ်နေသူ။ ယူအီချီ ကတော့ ငယ်ကတည်းက မိခင်ကိုဆုံးရှုံးလိုက်ရပြီး မိခင်အစားထိုးပြန်ရခဲ့တဲ့သူ။ ဒါက နည်းနည်းအံ့ဩစရာကောင်းတယ်။ ယူအီချီရဲ့ အဖေက
ပလတ်စတစ် ဆာဂျရီလုပ်ပြီး လိင်ပြောင်းအမျိုးသမီးအဖြစ်နဲ့ ယူအီချီရဲ့အမေလိုနေနေတာ။

မီခါဂျီ တစ်ယောက်တည်း အထီးကျန်နေတာကို သိလို့ ယူအီချီရယ်၊ သူ့ရဲ့(လိင်ပြောင်းထားတဲ့) အမေ ဖြစ်သူ အီရီကို ရယ်က သူတို့အိမ်မှာ အတူလာနေဖို့ ဖိတ်တယ်။ ကြားခါစက တော့ အူကြောင်ကြောင်နိုင်သလိုပဲ၊ ဒါပေမဲ့ ဒီသားအမိနှစ်ယောက်ရဲ့ ကြင်နာမှုနဲ့ အဲဒီတိုက်ခန်းလေးရဲ့မီးဖိုချောင်လေးကြောင့် မီခါဂျီက ယူအီချီတို့ဆီ လာနေဖြစ်သွားတယ်။ မီခါဂျီက အဲဒီအိမ်လေးမှာ ရှင်သန်နေတယ်လို့ ခံစားရတယ်၊ ဝမ်းနည်းပူဆွေးမှုတွေကို မေ့ထားနိုင်တယ်၊ ဒီသားအမိက သူချက်ပြုတ်ထားတာတွေ စားနေရင် ပျော်ရွှင်ရ
တယ်။ ယူအီချီက အသက်မတိမ်းမယိမ်းဖြစ်
ပြီး ပိုနီးကပ်ရပေမဲ့ အီရီကို နဲ့လည်း မီခါဂျီ က
သံယောစဉ် နက်နက်တွယ်နေမိတာ။ အီရီကို
ကလည်း သူ့မှာ မရှိလိုက်ရတဲ့ သမီးလေး လို
ကို သဘောထားပြီး မီခါဂျီကို တိုးတိုးဖော်လို
ရင်ဖွင့်တတ်တယ်။ ဒီသားအမိရယ် သူတို့နေအိမ်လေးရယ်က မီခါဂျီကို ရှေ့ဆက်ဖို့
ခွန်အားတွေ ပေးခဲ့ပြီး မီခါဂျီက တခြားနေရာ တစ်ခုမှာ အလုပ်တစ်ခုရှာတွေ့နိုင်ခဲ့တယ်။
မီးဖိုချောင်တွေကို ပိုင်ဆိုင်ခြင်းပြ မျှဝေမှုသင်္ကေတ လို့ မြင်တဲ့ မီခါဂျီအတွက်တော့
ဟင်းချက်တဲ့အလုပ်ပဲပေါ့။

Random Thoughts on BOOKSМесто, где живут истории. Откройте их для себя