ဘဝထဲက မိန်းမများ - ကြည်အေးချမ်း
Selected Short Stories from Cecelia Ahern's ROAR
ပုံမှန်ဆို ကိုယ်သိပ်ဖတ်လေ့မရှိတာက ဘာသာပြန်ရယ် ဝတ္ထုတိုရယ်ပဲ။ ဝတ္ထုတို ဘာသာပြန်တွေဆို ပိုဆိုးတာပေါ့။ ဒါပေမဲ့ အခုတလော မတူညီတဲ့ ဝတ္ထုတို ဘာသာပြန် ၃ အုပ်ဆက်
တိုက် ဖတ်ဖြစ်သွားတယ်။ ဒီ စာအုပ်ကလည်း ဝယ်ဖို့ အစီအစဉ်မရှိပါဘဲ ဆိုင်မှာ စာမြည်းကြည့်ရင်း စိတ်ဝင်စားလာလို့ ဝယ်လာခဲ့တာပါပဲ။
သူက ဝတ္ထုတို ၆ ပုဒ်ပါတယ်။ ဇာတ်လိုက်တွေ အားလုံးက အမျိုးသမီးတွေချည်းပဲပေါ့။ မတူညီတဲ့ အမျိုးသမီးတွေအကြောင်းကို မြင်တွေ့
ရတယ်။ ခေါင်းစဉ်တွေကလည်း ကြည့်ဦး။
နာမည်မေ့သွားတဲ့ မိန်းမ၊ ပြုံးနေတဲ့ မိန်းမ၊ အဝေးကိုလွင့်ပါသွားတဲ့ မိန်းမ၊ ဘဲတစ်ကောင်က အစာကျွေးတာခံလိုက်ရတဲ့ မိန်းမ၊ အတောင်ပံများပေါက်လာသော မိန်းမ၊ ယောက်ျားကိုပြန်အမ်းပြီး လဲလိုက်တဲ့ မိန်းမ တဲ့။
၆ ပုဒ်လုံးမှာ လက်တွေ့မဆန်တဲ့ ဆန်းပြားမှုလေး တွေပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒါက လက်တွေ့ဘဝရဲ့ကိစ္စရပ်တွေကိုလည်း
ထင်ဟပ်နေသလိုပဲမို့ သဘောကျမိပြန်တယ်။
ဒီထဲမှာ ၃ ပုဒ်ကိုတော်တော်ကြိုက်မိတယ်။
နာမည်မေ့သွားတဲ့ မိန်းမ ဆိုရင် သူက စားသောက်ဆိုင်တစ်ခုကို ရောက်လာပေမဲ့ ဘယ်သူနဲ့ချိန်းထားလဲ၊ သူ့နာမည်ကရော ဘာလဲ ဆိုတာကို လုံးဝ မေ့သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း။ ဆိုင်မန်နေဂျာကတော့
အဲဒီအချိန်မှာ ကြိုတင်ဝိုင်းယူထားတာ ၃ ဝိုင်းရှိ
တယ်၊ ခင်ဗျားဝင်စကားပြောကြည့်ပေါ့ ဆိုပြီး
အကြံပေးတယ်။ အမျိုးသမီးက စားပွဲတွေမှာ ဝင်ထိုင်ရင်း စကားစမြည်ပြောကြည့်တယ်။ သူ့
နာမည်သူ ပြန်မှတ်မိလာဖို့ ကြိုးစားမှုပေမဲ့ တစ်ဖက်လူတွေရဲ့အခက်အခဲတွေကိုပါဖြေရှင်း
ပေးပြီးသားဖြစ်သွားတယ်။ နောက်ဆုံးတော့ သူ့
ရဲ့စားပွဲဝိုင်းအစစ်အမှန်ကို တွေ့သွားခဲ့ပါတယ်။
သူ့နာမည်ကိုလည်း ခေါ်သံတစ်ခုနဲ့အတူပြန်အမှတ်ရလာခဲ့တယ် တဲ့။
ဘဲတစ်ကောင်က အစာကျွေးတာ ခံလိုက်ရတဲ့ မိန်းမ မှာကျတော့ တစ်ဘဝလုံး ကိုယ့်အတွက် ကိုယ် အသံမထွက်ရဲခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ဘဲခေါင်းစိမ်းလေးတစ်ကောင်က
စကားလာပြောပြီး ဘဝနေနည်းတွေ လုပ်သင့် တာတွေ လမ်းညွှန်ပေးသွားတာ။ တစ်နည်းအားဖြင့် သူလုပ်ဖို့ပြောဖို့ မဝံ့မရဲဖြစ်နေတာတွေကို
ပြောထွက်ဖြစ်ဖို့ ဘဲကလေးက ပြန်သင်ပေးသွားတာပဲ။
ယောက်ျားကို ပြန်အမ်းပြီး လဲလိုက်တဲ့ မိန်းမ မှာ
တော့ အဲဒီဇာတ်လမ်းထဲက လောကမှာ ယောက်ျားတွေ မိန်းမတွေကို လင်သား၊ ဇနီးမယား အဖြစ် ဝယ်ယူခွင့်ရှိတယ်။ သူတို့ကို ကုန်ပစ္စည်းတွေအဖြစ် ကုန်တိုက်လိုနေရာကြီးမှာ
တင်ဆက်ပြသထားတာမို့ လက်ညှိုးထိုးဝယ်ယူရုံပဲ။ အဲဒီမှာမှ အမျိုးသမီးတစ်ယောက်ကတော့
သူနှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို
ငြီးငွေ့လာလို့ ကုမ္ပဏီမှာပြန်သွားအမ်းပြီး လက်မှတ်တစ်စောင်နဲ့လဲယူခဲ့တယ်။ အဲဒီယောက်ျားနဲ့ သားသမီး မြေးတွေအထိရှိတာနော်။ ဒါပေမဲ့ အဆင်မပြေတာတွေပဲတွေးမိပြီး
သွားလဲမိတာ။ အဲဒါပြီးတော့မှ သူက အဲဒီယောက်ျားရဲ့ ကောင်းကွက်လေးတွေပြန်သတိရလာခဲ့တယ်။ အဲဒီယောက်ျားမရှိရင် သူအထီးကျန်တယ်လို့ သိလာခဲ့တယ်။ ပြဿနာက
တော့ တစ်ခုပါပဲ။ သူ့ယောက်ျားကို သူသွားအမ်း
လိုက်တဲ့နေ့မှာပဲ တခြားမိန်းမတစ်ယောက်က ဝယ်ယူသွားပြီတဲ့။ ဇာတ်လမ်းက မဆုံးသေးပါဘူး။ ဒါပေမဲ့ ဒီတစ်ပုဒ်ကတော်တော်ပြုံးချင်စရာကောင်းတာ။
အဝေးကိုလွင့်ပါသွားတဲ့မိန်းမ ကျတော့ Social Media က ဘဝကြီးဖြစ်နေတဲ့ Celebrity အမျိုးသမီးတစ်ယောက်အကြောင်းရေးထားတာ။ ဒါမျိုးက သိပ်မဆန်းတော့ပေမဲ့ သူတင်ဆက်ထားပုံကိုတော့ အားရမိတယ်။
ခြုံပြောရရင် ဝတ္ထုတိုတွေအားလုံး စိတ်ဝင်စားဖို့
ကောင်းပါတယ်။ အေးအေးဆေးဆေးဖတ်ရင်း
တွေးတောလို့ကောင်းတဲ့ Metaphor တွေအများကြီးနဲ့ ဝတ္ထုတိုတွေပေါ့။
ВЫ ЧИТАЕТЕ
Random Thoughts on BOOKS
Документальная прозаဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
