ထပ်တိုးရစ်ချည် - မိုးခကျော်သွင်
၂၀၂၄၊ ဇသစ်စာပေ
"ဒိုင်ယာရီ မရေးတော့ဘူး။ ဒေါ်လေးက ခိုးဖတ်တယ်" ဆိုတဲ့ နောက်ကျောဖုံးကစာသား ကြောင့် ဒီစာအုပ်ကို ဝယ်လာဖြစ်ခဲ့တာ။ အစ်မ
တစ်ယောက်ရေးဖူးတာသတိရတယ်။ 'ငါတို့မျိုးဆက်က ဒိုင်ယာရီရေးရင် အိမ်က ခိုးဖတ်တာ ခံရဖူးတာချည်းပဲ' တဲ့။ ဒီထဲက ဖြိုးဝေ
လည်း ကိုယ်တို့လိုပါပဲပေါ့။
ထပ်တိုးရစ်ချည်က Queer တစ်ယောက်ရဲ့ခံစားဖြတ်သန်းမှုအကြောင်းကို ကာယကံရှင်ထက် ဘေးကလူတွေရဲ့ဇာတ်ကြောင်းပြောမှုကနေ ပုံဖော်သွားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
စာမျက်နှာ ၁၁၈ မျက်နှာပဲရှိလို့ လွယ်လွယ်မြန်မြန် ဖတ်ပြီးနိုင်တယ်လို့ထင်ခဲ့ပေမဲ့ တကယ်ဖတ်
ချိန်မှာ အချိန်ယူခဲ့ရပါတယ်။ တချို့အခန်းတွေဆို ကိုယ့်ကိုပါ Trigger ဖြစ်စေခဲ့လို့ပါပဲ။ ပြီးတော့ မြန်မာပြည်က ပတ်ဝန်းကျင်တွေရဲ့ ယေဘုယျပုံစံကို ဒီစာအုပ်မှာမြင်ရမှာပါ။ LGBTQ တစ်ယောက်ကို တုံ့ပြန်ဆက်ဆံကြတဲ့
ပုံစံပေါ့လေ။
ဇာတ်လမ်း အစမှာကတည်းက ဖြိုးဝေ ဆိုတဲ့
အဓိက ဇာတ်လိုက်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီးပါပြီ။ သူ့ရဲ့နာရေး
အချိန်မှာ သူ့ဘေးမှာရှိိခဲ့ဖူးတဲ့ မိသားစုရယ်၊ ဆရာမရယ်၊ သူငယ်ချင်းရယ်က ကိုယ်စီအတွေး
တွေနဲ့ ဖြိုးဝေ ကိုပုံဖော်ထားပါတယ်။ ပထမဆုံး
က သက်ပိုင် ဆိုတဲ့ ဖြိုးဝေရဲ့ညီ။ သက်ပိုင်က အစ်ကိုနဲ့ တအားမရင်းနှီးတာကြောင့် ဖြိုးဝေ အိမ်ပြန်လာခါစတုန်းက စိတ်ဒွိဟဖြစ်ခဲ့ဖူးတယ်။
အဲဒီလိုပဲ ဖြိုးဝေ ဂေးမှန်းသိတော့လည်း ခေတ် လူငယ်ပီပီ ပြဿနာမရှိပေမဲ့ ဘာဖြစ်လို့ ဒီကောင်က စိတ်ရှုပ်စရာကောင်းရတာလဲကွာ ဆိုတဲ့ စိတ်တွင်းပဋိပက္ခဖြစ်လိုက်သေးတယ်။ သူက မိသားစုထဲမှာ ဖြိုးဝေကို အနားလည်ပေးနိုင်ဆုံးသူတော့ ဖြစ်ခဲ့ပါတယ်။ ဖြိုးဝေ နောက်ဆုံးနှုတ်ဆက်ခဲ့တာလည်း သူပဲ။
ပြီးတော့ အမေဖြစ်သူ။ သားကြီးကိုဆုံးရှုံးလိုက်
ရတဲ့ သောကတွေနဲ့ အမေဖြစ်သူဟာ နောက်ဆုံး
ထိလည်း အဖြစ်မှန်ကိုသိပ်လက်မခံချင်ဘူး။ သားကြီး ဖြိုးဝေရဲ့ ဖြစ်တည်မှုကို မသိသလို လှည့်စားနေထိုင်ရင်းနဲ့ တချိန်မှာ အဆင်ပြေသွားမှာပါလို့ထင်ခဲ့သူ။ ဒါပေမဲ့ ဖြိုးဝေ ထွက်သွားတော့မှ အသက်နဲ့ဆိုရင်တော့လည်း ဖြစ်တည်မှု
ကိုနားလည်ပေးမှာပေါ့ ဆိုတာမျိုး တွေးဖော်ရ
တဲ့သူ။
VOUS LISEZ
Random Thoughts on BOOKS
Non-Fictionဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
