"စိတ်ဆန္ဒနဲ့ ဘဝသက်တမ်းရှိသော သတ္တဝါအားလုံးတို့အထဲတွင် သေချာပေါက်ပင် ကျွန်ုပ်တို့ မိန်းမသားတို့မှာ စိတ်မချမ်းမသာစရာ
အဖြစ်ဆုံး ဖြစ်ပေ၏။" - မဒဲရာ
Medea - Euripides
မဒဲရာ - (ဘာသာပြန်) မိုးရဲ
နှစ်သစ်ကူးညမှာ ထူးထူးခြားခြားစာအုပ်လေး တစ်အုပ် ဖတ်ဖြစ်ပါတယ်။ ဂရိပြဇာတ်တစ်ပုဒ် ကို ဘာသာပြန်ထားတာပါ။ ဒီမတိုင်ခင်က ပြဇာတ်ဆိုတာ ကိုယ်နဲ့တော်တော်ဝေးတာပါ။ ရေသည်ပြဇာတ်လောက်ကလွဲရင် မဖတ်ဖူးသလောက်ပါပဲ။ အဲ၊ ဦးပုညရဲ့ ဝိဇယ ပြဇာတ် တော့ ဖတ်ဖူးလိုက်တယ်။ တိုက်ဆိုင်ချင်တော့
ဒီ "မဒဲရာ" ပြဇာတ်ကလည်း ဝိဇယပြဇာတ်နဲ့
ဆင်ဆင်တူတဲ့ ဇာတ်ကြောင်းတချို့ရှိလို့ ဒီစာအုပ်ထဲမှာရော၊ တခြား မြန်မာစာအုပ်တွေမှာ
ပါ ခိုင်းနှိုင်းထားတာမျိုးရှိနေပါတယ်။ ဒါကပဲ
ဒီပြဇာတ်ကိုအဆုံးထိဖတ်ဖြစ်စေခဲ့တဲ့ တွန်းအား
တစ်ခုဖြစ်ခဲ့တာပါ။
မဒဲရာ ပြဇာတ်ကို ဘီစီ ၄၃၁ ခုနှစ်မှာ ယူရီးပီးဒီးစ် က ရေးဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်မှာ
ပြဇာတ်ကို တန်းပြီး ဘာသာပြန်ဖော်ပြလိုက်တာ
မျိုးမဟုတ်ဘဲ ရှေ့ ၇၅ မျက်နှာမှာ ဂရိစာပေထဲက ပြဇာတ်သမိုင်းအကျဉ်းချုပ်၊ ပြဇာတ်ဆရာ
တွေအကြောင်းနဲ့ ဆက်စပ်အကြောင်းအရာတွေ
ကို ရှင်းပြသွားပါတယ်။ အဲဒီနောက် ပြဇာတ် အကျဉ်းချုပ်နဲ့ သုံးသပ်ချက်တွေကိုလည်း ထည့်
သွင်းထားပြီးမှ ပြဇာတ်ဘာသာပြန်လာပါတယ်။
ပြဇာတ် တောက်လျှောက်မှာလည်း အောက်ခြေ
မှတ်စုတွေနဲ့ နာမည်တွေ၊ မြို့တွေ၊ နတ်ဘုရားတွေ၊ ဘာသာပြန်မူကွဲတွေအကြောင်း ပြောပြထားပါတယ်။ တခြားသူတွေအတွက်တော့မသိ
ပေမဲ့ ဒီပြဇာတ်ကို အဆင်ပြေပြေဖတ်နိုင်ခဲ့တာက အဲဒီလို ရှင်းပြချက်တွေ၊ မှတ်စုတွေပါလို့ပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကိုသိထားပြီးနောက်မှ ပြဇာတ်စာသားတွေ ဖတ်ရတာက ပို ချောမွေ့ပြီး နားလည်လွယ်တယ်လို့ထင်ပါတယ်။
မဒဲရာ က ဂျေဆန် ဆိုတဲ့ ယောက်ျားကို ချစ်နှစ်
သက်လို့ သူ့အဖေ ဘုရင်ကိုပြန်ပုန်ကန်၊ အစ်ကို
ကို ပြန်သတ်ခဲ့ပြီး ဂျေဆန်ကို အောင်မြင်မှုတွေရ
အောင်ကူညီပေးခဲ့တာပါ။ အသက်ကယ်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြီးတော့ ဂျေဆန်နဲ့အတူ တခြားမြို့ကိုလိုက်လာခဲ့ပါတယ်။ သားနှစ်ယောက်ရပြီးမှ ဂျေဆန်က အဲဒီမြို့ကိုရောက်တော့ ဘုရင့်သမီးတော်နဲ့ လက်ထပ်ထိမ်း
မြားဖို့ စီစဉ်ပါတယ်။ မဒဲရာက ဒေါသူပုန်ထပြီး
ဂျေဆန်ကို နာကျည်းပါတော့တယ်။ ဒီကြားထဲ
ဘုရင်ကလည်း မဒဲရာရဲ့မှော်အတတ်ကိုစိုးရိမ်
လို့ တိုင်းပြည်ကနေ နယ်နှင်ဒဏ်ပေးလိုက်တော့
မဒဲရာတစ်ယောက် အမုန်းတွေအဆုံးစွန်ထိရောက်သွားပြီး လက်တုံ့ပြန်ဖို့တွေးမိလာတယ်။
ESTÁS LEYENDO
Random Thoughts on BOOKS
No Ficciónဖတ်မိတဲ့ စာအုပ်တွေကို ဖတ်ညွှန်းရေးထားတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်တာလေးတွေ လည်း မျှဝေချင်ပါတယ်။
