Chapter-83

92 16 0
                                    

Chapter 83

ကြောင်တွေကလည်း ဂေးနိုင်တာပဲလား....(16)

-------

လျိုဟန်က ရွာသူကြီး၏ လက်များကို စုချည်ထားလိုက်သည်။

ရွာသူကြီးက အလန့်တကြား အော်ဟစ်လာသည် " မင်းတို့က ဘယ်သူတွေလဲ...မင်းတို့ ငါ့ကို ဘာလုပ်ကြမလို့လဲ...."

သူ့စကားမဆုံးခင် ချူဟွိုက်က စိတ်မရှည်တော့၍ စားပွဲပေါ်မှ ပန်းကန်သုတ်အဝတ်စကို ဆွဲယူလိုက်ပြီး သူကြီးပါးစပ်ထဲ သိပ်ထည့်လိုက်သည်။  

ရွာသူကြီးက မျက်လုံးပြူးသွားပြီး " အွင်း

...အွင်း..." ဆိုသည့် အသံများ ထွက်လာသည်။

လျိုဟန်က မေးလိုက်သည် " ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ..."

" သူ့ကိုရော...." သူက ရွာသူကြီးကို လက်ညှိုးထိုးပြလာသည်။

ရွာသူကြီး၏ နှလုံးက လည်ချောင်းထိ ရောက်နေပြီ ဖြစ်သည်။ သူ့အသက် သေရေးရှင်ရေးက သူ့ရှေ့ကလူ၏ လက်ထဲတွင် လုံးလုံးကျရောက်သွားပြီ ဖြစ်သည်။

ချူဟွိုက်က အဓိပ္ပါယ်ပါပါ ပြောလာသည် 

" သူက အသုံးဝင်သေးတယ်...."

" လျိုဟန်....တစ်ခုလောက် ကူညီပေး...."

“ ပြောသာပြော...ချူဟွိုက်...." လျိုဟန်က ပြန်ဖြေလာသည်။

ချူဟွိုက်က သူ၏ သံသယများကို အတည်ပြုချင်၍ ခိုင်းလိုက်သည် 

" ခင်ဗျားက တောင်အောက်ကို ချက်ချင်းဆင်းပြီး ကွမ်ရင်မယ်တော်လေးနတ်နန်းကို သွားရမယ်....ကျောက်စိမ်းရုပ်မိန်းကလေးရုပ်တု ရှေ့က စာအုပ်ကို ကြည့်ပြီး နံပတ်ကို စစ်ဆေးပေး...ဒီကနေ ကျွန်တော် ခင်ဗျားကို စောင့်နေမယ်...."

လျိုဟန်က တစ်ခဏမျှ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံး လေးတိလေးကန် ခေါင်းညိမ့်ပြလာသည်။

သူက ရွာသူကြီး၏ မြည်းကို စီးပြီး အာရုံမတက်ခင် ပြန်ရောက်လာသည်။

ချူဟွိုက်က နောက်လှည့်ကြည့်လိုက်ရာ လျိုဟန်၏ ဖြူဖျော့ပြီး စိတ်လှုပ်ရှားနေသည့် မျက်နှာကို တွေ့လိုက်၍ ရင်ထဲ နင့်ခနဲဖြစ်သွားရသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now