Chapter-80

72 14 0
                                    

Chapter 80


စုန့်ကျင်း (13)

______

စုန့်ချင်း၏ မျက်လုံးနက်နက်များက ချူဟွိုက်ကို နတ်ဆိုးဆန်ဆန် စိုက်ကြည့်နေသည်။

လျိုဟန်က လမ်းပျောက်သွားသလို ဖြစ်သွားရင်း အလိုလို နောက်ပြန်ဆုတ်မိသည် " ချူဟွိုက်...ဘာဖြစ်တာ...."

ချူဟွိုက်က လက်မလွှတ်သေးပဲ အသံနက်နက်နှင့် ပြောလာသည် " ကျွန်တော့်ကို လာကူဦး...."

  

လျိုဟန်က တုန်တုန်ယင်ယင်နှင့် အသိစိတ်ပြန်ဝင်လာပြီး စမ်းတဝါးဝါးနှင့် ညပုလဲကို နှိုက်ထုတ်လိုက်သည်။ ထိုသို့လုပ်နေချိန်အတွင်း လျိုဟန်က စုန့်ချင်း၏ သွားစွယ်များ ရုတ်တရက် ထွက်ပြူလာပြီး သူ့လက်ကို ကိုက်လာမှာ စိုးရိမ်မိသေးသည်။ 

ညပုလဲက စုန့်ချင်းပါးစပ်မှ ထွက်လာသည့်အချိန် အလင်းရောင်က ချက်ချင်း မှိန်ကျသွားလေသည်။

စုန့်ချင်းက ရုတ်တရက် မျက်လုံးပိတ်သွားလေသည်။

" သူမက...."လျိုဟန်က တွန့်ဆုတ်တွန့်ဆုတ် မေးလာသည် 

" သူမ အသက်ရှိနေသေးလား...." 

တောအုပ်ထဲ ရောက်နေသည့် စောစောပိုင်းက စုန့်ချင်း တစ်ခုခုဖြစ်နေမှန်း သူခံစားမိသည်။ ယခုကဲ့သို့ ညပုလဲကြီးတစ်ခုနှင့်အတူ သူမကို တွေ့လိုက်ရသည့်အချိန် သူ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့် ဖြစ်လာရသည်။

ချူဟွိုက်က မျက်မှောင်ကြုတ်လိုက်ပြီး စုန့်ချင်းမျက်နှာပေါ်က မှေးမှိန်သွားသော စွဲမက်ဖွယ် ရုပ်ရည်ကို ကြည့်လိုက်ရင်း မသေချာသလို ပြောလာသည် " သူမက လူဖြစ်နိုင်သေးတယ်...."

“ စုန့်ချင်းက ကျောက်စိမ်းရုပ် မိန်းကလေးကို လွယ်ထားရတဲ့အတွက် မကောင်းဆိုးဝါး ဝိဥာဥ်တွေရဲ့ သက်ရောက်မှုကို ခံရတာ ဖြစ်နိုင်တယ်....သူမစိတ်ကို လွှမ်းမိုးချုပ်ကိုင်ခံလိုက်ရတာ...."

သူစကားပြောနေရင်း စုန့်ချင်းက နိုးထလာသည်။ သူမက ထထိုင်လိုက်ရင်း အသက်လုရှူနေရကာ ချူဟွိုက်အင်္ကျီလက်ကို တင်းတင်းဆွဲလာပြီး ပြောလာသည်

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now