Chapter-77

86 14 0
                                    

Chapter 77


ကိုယ်လည်ပင်း ကိုယ်ညှစ်ခြင်း (10)

________

တစ်ဖက်တွင် လျိုဟန်နှင့် စွန်းကျားမူတို့က အိပ်မောကျနေသည့်အချိန် စုန့်ချင်းက ရုတ်တရက် မျက်လုံးဖွင့်လာပြီး တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

စုန့်ချင်းက လျိုဟန့်ကို ကျော်ပြီး ခြေဖွဖွနင်းရင်း အပြင်ဘက်ကို ထွက်သွားလိုက်သည်။ လျိုဟန်က နိုးလာရင်း အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သတ်လိုက်သည်

 " ဘယ်သွားမလို့လဲ....စုန့်ချင်း..."

စုန့်ချင်းက တုန်ယင်နေပြီး ဖုံးဖိပြောလိုက်သည် " ကျွန်မ နောက်ဖေးသွားချင်လို့...."

လျိုဟန်က ပြန်အိပ်ပျော်သွား၏။

စုန့်ချင်းက တစ်ခဏမျှ ပြေးသွားလိုက်ရင်း လူသူမရှိသည့် နေရာတစ်နေရာ ရှာလိုက်ကာ လေထဲ စကားဆိုလိုက်သည် " ချူဟွိုက်ကို အရင်ဆုံး ခြေလှမ်းစမယ်ဆိုရင် ငါ မင်းနဲ့အတူ ချက်ချင်း သေပစ်လိုက်မယ်...."  

အသံတိတ်သွားသည်။

အချိန်တော်တော်ကြာမှ စုန့်ချင်းက စိတ်ချသွားသည့်ဟန် နာကျင်မှုကြောင့် မျက်လုံးစုံမှိတ်ရင်း တုန်တုန်ယင်ယင် အသံနှင့် ပြောလာသည်

 " တကယ်လို့ ငါက တစ်ခုကို ရွေးချယ်ရမယ်ဆိုရင်....ကျန်တဲ့နှစ်ယောက်ကို ခြေလှမ်းစလိုက်...."

နောက်တစ်နေ့ မနက်စောစောတွင် စွန်းကျားမူက အခြေအနေကို စစ်ဆေးရန် အပြင်ထွက်လိုက်စဥ် ချူဟွိုက်နှင့် ကျန်သည့် နှစ်ယောက်က ရိုးရိုးမနက်စာလေးနှင့် ဗိုက်ဖြည့်နေကြသည်။

စုန့်ချင်းက ပိန်လှီနေပြီဖြစ်၍ ကလေးကို ထုတ်ပစ်ဖို့ အရေးကြီးသော်လည်း ယခုနေရာမှ ထွက်သွား၍မရနိုင်သေးပေ။

ချူဟွိုက်က စိတ်မပါလက်မပါ စားနေရင်း သူ့ရှေ့ကို လျိုဟန်ကို ကြည့်မိပြီး မျက်မှောင်ကြုတ်မိသည်။

လျိုဟန်က အမြဲတစေ အပြုအမူကောင်းရှိပြီး စိတ်နှလုံး သိမ်မွေ့သူဖြစ်၍ သူ့ပုံရိပ်ကို ကောင်းကောင်းဂရုစိုက်သည်။ ယခုအချိန်တွင်ဖြင့် သူက ခြေထောက်နှစ်ချောင်း ဖြဲပြီး ထိုင်နေရင်း ပါးစပ်မှလည်း တပြတ်ပြတ် အသံများ ထွက်ကာ စားသောက်နေသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now