Chapter 81
ငတုံးအကြီးစား (14)________
စုန့်ချင်းကို နေရာချပေးပြီးနောက် ချူဟွိုက်နှင့် လျိုဟန်တို့က ရွာသူကြီးအိမ်သို့ သွားလိုက်ကြသည်။
လျိုဟန်က တောင်ခြေရင်းတွင် ရှိနေသော နေရာကျယ်ကျယ်နှင့် အိမ်ကြီးတစ်ခုကို လှမ်းမြင်လိုက်ရ၍ အံ့သြသွားရသည် " ချူဟွိုက်.... ဘယ်လိုလုပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ရွာသူကြီးက လူမရှိတဲ့ နေရာမှာ လာနေရတာလဲ...."
စောစောပိုင်းက ချူဟွိုက်က သူ့ကို တောနက်ထဲထိ ခေါ်သွား၍ လျိုဟန်က နားမလည်သလို ဖြစ်ခဲ့ရသည်။ ဤနေရာက တောင်ခြေရင်းနှင့် ဆယ်မိုင်ခန့် ကွာဝေးလေသည်။ ရွာမှာ ပြဿနာပေါ်လာလို့ ရွာသူကြီးရဲ့ အကူအညီလိုတယ်ဆိုရင် သူရောက်လာတဲ့အချိန် အရမ်း နောက်ကျနေတော့မှာပဲ....
ချူဟွိုက်က သူ့ကုတ်အင်္ကျီအိပ်ကပ်ထဲ ထည့်ထားသော ညပုလဲကို အမှတ်ရသွား၍ ပြောပြလာသည် " သူက တစ်ခုခု ဖွက်ထားတာလေ...."
သူတို့က အိမ်နားရောက်သွားသည့်အချိန် တံခါးက ကလန့်ထိုးပြီး တင်းတင်းစေ့ပိတ်ထားမှန်း တွေ့လိုက်ရသည်။
လျိုဟန်က ကလန့်ကို ကြည့်လိုက်ပြီး မေးလာသည်
" ချူဟွိုက်....ကျွန်တော်တို့ ကံမကောင်းဘူးပဲ....ရွာသူကြီးတို့ တစ်မိသားစုလုံးက တောင်အောက်ဆင်းသွားကြပြီ....ကျွန်တော်တို့ စောင့်လိုက်ကြမလား....အရမ်းနောက်ကျနေပြီဆိုတော့ မကြာခင် ပြန်လာလောက်မှာပါ...."
ညနေခင်း မြူနှင်းများက ဝင်ရောက်လာပြီဖြစ်၍ ညက မှောင်သည်ထက် မှောင်လာသည်။
တောင်လေက ကျောက်စရစ်ခဲများပါ လွင့်စင်လာ၍ အနည်းငယ် ကြမ်းတမ်းနေသည်။ လျိုဟန်က မြူဆိုင်းနေသော ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ရင်း မနေနိုင်ပဲ တုန်ယင်လာရသည်။ ချူဟွိုက်သာမရှိရင် ညကြီး သူတစ်ယောက်တည်း တောထဲမှာ ဒုက္ခရောက်နေပြီးပြီပဲ....
“ အခုလိုဆိုတော့လည်း ကျွန်တော်တို့မှာ ရွေးစရာ မရှိတော့ဘူး...." ချူဟွိုက်က ပြောလိုက်သည်။
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...