Chapter 75
ကွမ်ရင်မယ်တော်လေး ဖြစ်လာမယ်(8)_______
လျိုဟန်က သူနားမလည်လိုက်သည့် အချက်ကို ဆက်မေးလာသည်
" အစ်ကိုကြီးချူ....မင်းတို့က မနေ့က မနက်ပိုင်းလောက်မှာ ကွမ်ရင်မယ်တော်လေး နတ်နန်းကို သွားတာပါ...ဒါကို ဘယ်လိုလုပ်ပြီး ကိုယ်ဝန်က နှစ်လဖြစ်နေရတာလဲ..."
ချူဟွိုက်က ဖွဖွရယ်လိုက်သည် " ကျောက်စိမ်းမိန်းကလေးကို ဒီခုနစ်ရက်အတွင်း မွေးစေချင်လို့နေမှာပေါ့..."
လျိုဟန်၏ မျက်နှာက ဖြူဖျော့သွားပြီး သူ့စိတ်က ကယောက်ကယက်ဖြစ်သွား၏။ အမှန်တွင်လည်း ဤနှုန်းအတိုင်းသာဆိုလျှင် အနည်းဆုံး ကလေးက ခြောက်ရက်ခုနစ်ရက်လောက်နေလျှင် မွေးလာတော့မည် ဖြစ်သည်။
“ ကျွန်တော့်မှာ စိတ်ဒုက္ခဖြစ်စရာ ထင်မြင်ချက်တစ်ခု ရှိတယ်..."
ချူဟွိုက်က တည်တည်ငြိမ်ငြိမ် ပြောလာသည်
" တကယ်လို့ ကျောက်စိမ်းရုပ် မိန်းကလေးရဲ့ ဝိဥာဥ်က ကလေးရဲ့ ဝိဥာဥ်ကို စားလိုက်မယ်ဆိုရင် မွေးလာတဲ့အခါ ဘာကို သွားစားမှာလဲ...ခင်ဗျားတို့ မှန်းတာ မှန်သွားရင်လည်း ဆုပေးစရာ မရှိဘူးနော်..."
ချူဟွိုက်က စသလို ပြောလာသည်။
လျိုဟန်က ရုတ်တရက် နားလည်သွားသလို ကြောက်စရာကောင်းသည့် အဖြေကြီး ပေးလာသည်။
"အသက်ရှင်နေတဲ့ လူသားတွေ..."
ချူဟွိုက်က ထပ်ပြောလိုက်သည် " ကျွန်တော်လည်း အဲ့ဒါ တွေးကြည့်မိတယ်...ဒါကြောင့် ကွမ်ရင်မယ်တော်က ရွာသားတွေကို ထိန်းချုပ်မယ့် နောက်ထပ်ရည်ရွယ်ချက်တစ်ခုကို ကျော်ကြည့်မိသွားတာ...."
စွန်းကျားမူက သူ့ကိုယ်စား အံတင်းတင်းကြိတ်ပြီးပြောလာသည်
" ရွာသားတွေအကုန်လုံးကို ရွှေရုပ်ကောင်လေးနဲ့ ကျောက်စိမ်းရုပ် မိန်းကလေးဆီ ကျွေးပစ်ဖို့ပဲ..."
"အမွှာ" ဆိုသည့် မစ်ရှင်က "လျှို့ဝှက်နက်နဲသည့် လက်ထပ်ပွဲ" လိုမျိုး ထူးခြားသည့် မစ်ရှင်မျိုး ဖြစ်ပြီး သိသာသည့်အချက်မှာ အချိန်နှင်အမျှ ပိုပိုခက်လာသည့် အချက်ပင်။ ချူဟွိုက်၏ ခန့်မှန်းချက်က ဤစည်းမျဥ်းနှင့် လုံးဝကိုက်ညီမှုရှိနေ၍ ကျောက်စိမ်းမိန်းကလေးမွေးလာမည့် ခြောက်ရက်ခုနစ်ရက်မြောက်နေ့က ရှောင်ကွမ်ရင်တစ်ရွာလုံး ငရဲကျမည့်နေ့ဖြစ်သည်။
![](https://img.wattpad.com/cover/368449747-288-k122704.jpg)
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...