Chapter 65
July 20, 2024
🐯Chapter 65
ဆယ်စက္ကန့်မျှကြာသောအခါ မြေခွေးလေးက သတ္တိများကိုစုစည်း၍ တွန်းလှည်းထဲမှထွက်လာခဲ့သည်။ ထိုအခါ သူမြင်လိုက်ရသည့်မြင်ကွင်းက သူ့စိတ်ကူးနှင့် လုံးဝခြားနားနေခဲ့လေသည်။
သူ့စိတ်ကူးထဲမှ အမြဲတစေတည်ငြိမ်ကာ လိုက်လျောညီထွေဖြစ်လွယ်ခဲ့သော အမျိုးသားက ယခုအခါတွင် အသက်ရှူသံများ မတည်မငြိမ်ဖြစ်နေသည်။ ရှက်ရွံ့ခြင်းကြောင့်ပေလော မသိနိုင်သည့် ခပ်စွေးစွေးအနီရောင်က သူ၏ပါးပြင်ပေါ်တွင် ဖြတ်ပြေးနေ၏။
ဆယ်မိနစ်ခန့်ကြာသော် ကုယွီမြန်က မြေခွေးလေးအား မချီလာပြီးလျှောက်လမ်းထက်တွင် သက်ပြင်းချလိုက်သည်။
တစ်စုံတစ်ယောက်က သူ၏အကြပ်အတည်းကို ကူညီဖြေရှင်းပေးခဲ့သည့်အတွက် စိတ်သက်သာရ ရသွားခဲ့သည်။ တစ်ချိန်တည်းတွင် နှစ်နှစ်ဆယ်ကျော်ကြာအောင် အဖြောင့်ဖြစ်ခဲ့ဖူးသော သူ၏စိတ်သည်လည်း အနည်းငယ်မျှယိမ်းယိုင်သွားသယောင်ရှိ၏။
ယခုအခါတွင်မူ ထိုခံစားချက်က မှိန်ဖျော့သွားပြီဖြစ်ကာ တည်ငြိမ်စွာ ပြန်လည်တွေးတောနိုင်လာသည်။
သူတို့က သိပ္ပံအကယ်ဒမီရှိရာသို့ သွားနေကြ၏။ ရှို့ဟန်က တစ်ချက်မျှ ကြည့်ပြီးနောက်ပြောလာသည်။
" ဖြတ်သန်းခွင့်ကတ်မှာ ပိုင်ဆိုင်မှုတွေပါတယ်..."
၎င်းက ရေပေါ်ကျွန်းပေါ်ရှိ ဗီလာတစ်လုံးဖြစ်သည်။ ဖြတ်သန်းခွင့်ကတ်ဖြင့် ပိုင်ဆိုင်မှုအချို့ကိုဝယ်ယူနိုင်၏ ။ ထိုအရာကို ကုယွီမြန်ကမသိရှိချေ။ သိရှိလျှင်လည်း အသုံးပြုမည်မဟုတ်ချေ။
" ဖြတ်သန်းခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်..."
ကုယွီမြန်က အိမ်ခြံမြေနှင့် လက်ဆောင်များအကြောင်း မပြောလိုပေ။
" ရှို့ဟန် မင်းအထက်တန်းလွှာနယ်မြေမှာ ဘာလုပ်နေတာလဲ ..."ကုယွီမြန်က ရှို့ဟန်ကိုကြည့်ရင်း သံသယမဝင်ဘဲမနေနိုင်ချေ။
" တော်တော်တိုက်ဆိုင်တာပဲနော်..."ရက်အနည်းငယ်က သူတို့သာမန်လူတန်းစားနယ်မြေတွင် တွေ့ဆုံခဲ့ကြသည်။ ယခုအခါ နှစ်ဦးစလုံး အထက်တန်းလွှာနယ်မြေသို့ရောက်ရှိနေပြီး ရှို့ဟန်က ဖြတ်သန်းခွင့်ကတ်နှင့်အတူ ပေါ်လာ၏။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...