Chapter-59

59 10 0
                                    

Chapter 59

_______

ကုယွီမြန်က ဆိုင်နေရာကိုပိတ်ပြီး အဲလ်ဘတ် စားသောက်ဆိုင်၏ အစွန်းရောက်အခန်းကဏ္ဏအားလုံးကို ပြုပြင်မှုများ လုပ်ဆောင်ရန် ခြောက်နာရီနီးပါး အချိန် ကြာသွားခဲ့သည်။ အချိန်အလျင်လိုမှုကြောင့်၊ ထည့်သွင်းစဉ်းစား၍ မရသည့် အသေးစိတ်အချက်အလက်များ အမြဲရှိနေတတ်သော်လည်း အရေးပေါ်တုံ့ပြန်မှု ပြုလုပ်ရန် လုံလောက်နေသေးသည်။

ဟင်းပွဲများကို ပြန်လည်ချိန်ညှိရန် တစ်ရက်နှင့်တစ်ည ကြာသွားသည်က အရေးပါသည့် ကိစ္စမဟုတ်ပေ။ ကုယွီမြန်က ရိုးရှင်းသော်လည်း အရသာရှိသော ချက်ပြုတ်နည်းဖြင့် ဟင်းအသစ်နှစ်မျိုးကို ထည့်ထားသည်။ အခြားဟင်းလျာဟောင်းများကို ဆိုင်တွင်လက်ဝယ်ရှိသော ကုန်ကြမ်းများကို အသုံးပြု၍ ချိန်ညှိထားသည်။ သူက ဝန်ထမ်းဟောင်း အတော်များများကို တိုက်ရိုက်ဖယ်ရှားခဲ့ပြီး ကျန်သည့်သူများ၏ လုပ်ဆောင်နိုင်စွမ်းကို ချက်ချင်းပင် မြှင့်တင်ပေးကာ သူအမိန့်ပေးထားသည့်အရာများကို အမြဲတမ်း မြန်မြန်ဆန် ဆန် ပြီးမြောက်စေခဲ့သည်။

ခြောက်နာရီကြာပြီးနောက်တွင် ကုယွီမြန်က ကလေးငယ်များကို အနားယူရန် အိမ်သို့ခေါ်ဆောင်သွားခဲ့သည်။ ကျန်သည့်ကိစ္စများကို သူနောက်ပိုင်းမှသာ စဉ်းစားတော့မည်ပင်။

ကုယွီမြန် အိမ်ပြန်ရောက်သည့် ညနေ ၆ နာရီ တွင် အဲလ်ဘတ် စားသောက်ဆိုင်၌…

အချိန်က တစ်နေ့တာ၏ ညစာစားချိန်ဖြစ်သောကြောင့် စားသောက်ဆိုင်တွင် အထူးတလည် အလုပ်များနေကြသည်။ အင်တာနက်နာမည်ကြီး တစ်ယောက်က အရာအားလုံးကို လျစ်လျူရှုခဲ့သည်။

ကွမ်နီးနီက ချိန်းဆိုထားသည့် သူငယ်ချင်း လာသည်ကို တံခါးဝတွင် စောင့်လျက် ရပ်နေချိန်တွင် သူမ သက်ပြင်းကိုမချဘဲ နေနိုင်တော့နိုင်ပေ။ အဲလ်ဘတ်စားသောက်ဆိုင်က သူမနှင့် သူမ၏ အခင်ဆုံးသူငယ်ချင်းများ ကျောင်းသားဘဝတည်းက သူမတို့ အကြိုက်ဆုံး စားသောက်ဆိုင်ဖြစ်သည်။ အတန်းပြီးသည့် ညနေတိုင်း ထမင်းလာစားလေ့ရှိသည်။ ထိုစဉ်က ဆိုင်ဖွင့်ကာစအချိန်ဖြစ်ပြီး ကြယ်တစ်ခုလုံးတွင် ထိုကဲ့သို့သော စားသောက်ဆိုင်တစ်ခုသာ ရှိခဲ့သည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now