Chapter 64

94 14 0
                                    

Chapter 64

July 20, 2024

🐯Chapter 64

နံနက်ခင်းစောစောတွင် ပရိတ်သတ်အရေအတွက်က ကုယွီမြန်ခန့်မှန်းထားသည့်ပမာဏထက် ကျော်လွန်သွားသည်။ ကုယွီမြန်က အံ့အားသင့်သွားသော်လည်း သူ၏စည်းချက်အတိုင်းသာ ဆက်လက်လုပ်ဆောင်နေမြဲ ဖြစ်သည်။ သူက ယနေ့အတွက် အစီအစဥ်များကို ပရိတ်သတ်နှင့်ဝေမျှလိုက်သည်။
" ဒီနေ့ မနက်၉နာရီခွဲကနေ ညနေ၅နာရီထိ သိပ္ပံအကယ်ဒမီကိုသွားရမယ်… ပြီးရင်တော့ အထက်တန်းလွှာနယ်မြေထဲ ဟိုဟိုဒီဒီပေါ့… အရင်ဆုံးတော့ မနက်ခင်းမှာထွမ်ထွမ်ကကျောင်းသွားရမယ်..."

ကုယွီမြန်က နှင်းကျားသစ်လေး၏ မေးစေ့ကို ဖွဖွကုတ်ပေးနေသည့်အတွက် နှင်းကျားသစ်လေးက ဇိမ်ကျစွာ သမ်းဝေလိုက်သည်။

" အရင်ဆုံး ထွမ်ထွမ့်အတွက် အထုပ်ပြင်ပေးရမယ်..."
အထုပ်ငယ်လေးက ထွမ်ထွမ့်အတွက် သယ်ရပြုရလွယ်ကူစေမည့် အရွယ်အစားဖြစ်သည်။

ကုယွီမြန်က ၎င်းအိတ်တွင် သရေစာအများအပြားနှင့်အတူ ကလေးများလမ်းပျောက်လျှင် အိမ်ပြန်လမ်းရှာရန်ကူညီသေးနိုင်သော သံလိုက်ကတ်လေးကို ထုပ်ပိုးပေးထားသည်။

သူက နှင်းကျားသစ်လေး၏ အမွေးပွပွများအား သပ်သပ်ရပ်ရပ်ဖြီးသင်ပေးနေသည်။ ကုယွီမြန်က နှင်းကျားသစ်လေးအတွက် ထည့်သွင်းစဥ်းစားပေးခြင်းဖြစ်သည်။ သပ်ရပ်သည့်ကလေးများက ကျောင်းတွင်နာမည်ကြီးနိုင်ပေသည်။

ထိုသို့ပြင်ဆင်ပေးနေချိန်တွင် နှင်းကျားသစ်လေးက ပျင်းရိစွာလဲလျောင်းလျက် ကုယွီမြန်အား စိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းများက ဂရုမစိုက်ခြင်းတစ်ဝက် မလိုလားခြင်းတစ်ဝက်ဖြင့် မှေးစင်းနေ၏။ ကုယွီမြန်ကမူ နှင်းကျားသစ်လေး၏ ဂျစ်ကန်ကန်အမူအရာကို ချစ်မွှေးပါသည်ဟု ယူဆမိ၏။

ထို့ကြောင့် သူ၏အကြည့်များက ပြုံးယောင်သမ်းနေခဲ့သည်။

[အားးး…]

[မနက်စောစောမှာ မြန်မြန့်အပြုံးလေးကိုတွေ့ရတာ အရမ်းကောင်းတာပဲ…]

[မြန်မြန် နည်းနည်းလောက်ပိုပြုံးပေးလို့ရမလား… ငါကော်ဖီထဲသကြားထည့်ဖို့မေ့နေလို့ပါ…]

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now