Chapter-58

60 10 0
                                    

Chapter 58

_______

စားသောက်ဆိုင်၏ ယခင်သူဌေးဟောင်းတွင် ဘီယာဗိုက်ကြီးရှိပြီး စားဖိုမှူးများ၊ အကြီးတန်းမန်နေဂျာများနှင့် ဝန်ထမ်းများက စင်္ကြန်၏ တစ်ဖက်တစ်ချက်စီတွင် တန်းစီနေကြကာ ကုယွီမြန် ဝင်လာချိန်တွင် အလွန်လေးနက် သောပုံစံဖြင့် ဦးညွှတ်လိုက်ကြသည်။

လွန်ခဲ့သည့် နာရီဝက်ခန့်တွင်က အဓိကအကြောင်းအရာနှစ်ခုကို ထပ်ခါတလဲလဲ ပြောခဲ့ကြသည်။ ပထမဦးစွာ သူတို့၏ နားရွက်နှင့်အမြီးကို ထုတ်ဖော်မပြရဘဲ သူဌေးအသစ်နှင့် အလွန်အကျွံရင်းနှီးဟန် မပြရပေ။ ဒုတိယအနေနှင့် သူဌေးအသစ်ကိုလေးစားပြီး သူ့ကို အထူးလူသားအဖြစ် မဆက်ဆံရန် ဖြစ်သည်။

ကုယွီမြန် ရောက်မလာခင်အချိန်က လူတိုင်းမှာ ဒုတိယအချက်က ပို၍ ခက်သည်ဟု ထင်နေကြသည်။ အခုအချိန်တွင်မူ ပထမတစ်ချက်က ဒုတိယတစ်ချက်ထက် အဆပေါင်း များစွာ ပို၍ခက်ခဲနေသည်။

ဝန်ထမ်းအများအပြားက သူတို့၏ နားရွက်နှင့်အမြီးများကို ဖုံးကွယ်ရန် ကြိုးစားနေကြပြီး ၉၀ ဒီဂရီ ဦးညွှတ်ခဲ့ကြသည်။

ကုယွီမြန် "......" 

ဘာဖြစ်နေကြတာလဲ… ငါက မာဖီးယားသူဌေး လား…

"ကျေးဇူးတင်ပါတယ်… သိပ်ပြီး မယဉ်ကျေးနေပါနဲ့…"

ကုယွီမြန်က ချောင်းဟန့်လိုက်သည်။

"အားလုံး ပြန်သွားပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ... ကျွန်တော် မစ္စတာ ဂျေးလ် နဲ့ စကားပြောလိုက်ပါဦးမယ်…"

ဂျေးလ်က မူလသူဌေးဖြစ်သည်။ သူဌေးက ချွေးများသုတ်ပြီး လှမ်းလာလိုက်ကာ ကုယွီမြန်အား အတွင်းဘက်သို့ ခေါ်ဆောင်သွားသည်။ အခြားသူများက သူတို့တာဝန်ကို ထမ်းဆောင်ရန် ပြန်သွားကြသည်။

"ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်မှာရှိတဲ့ ဟင်းပွဲအားလုံးကို စားဖိုမှူးကိုယ်တိုင် ချက်ဖို့ လိုတာလား… နောက်ပြီး အစားအသောက် အချိန်မီ မချပေးနိုင်ဘဲ မတော်တဆ ဖြစ်ခဲ့ရင် စားသုံးသူတွေအတွက် လျော်ကြေးငွေ ဘယ်လိုပြန်ပေးလဲ… အနည်းဆုံးတော့ အချိုပွဲ ဖြစ်ဖြစ် ဟင်းပွဲ အသေးစားဟင်းပွဲတွေပဲဖြစ်ဖြစ် ပေးသင့်တယ်…"

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now