Chapter 53
_______
ကြည့်ရှူသူများက သူတို့ မျက်လုံးများကို ဖွင့်လိုက်ကြသည်။ စိန့်ဂျော့ရှ်မှိုကို အရသာရှိသောဆီနှင့် ကင်ထား၍ အတွင်းပိုင်းတွင် အနည်းငယ်ကြွပ်ကာ နူးညံ့သည်။ သူတို့ ကိုက်လိုက်သည်နှင့် လျှာဖျားတွင် လတ်ဆတ်ပူနွေးသည့် ဟင်းချိုအရသာကို ခံစားလိုက်ရသည်မှာ အလွန်အံ့သြစရာပင်။ သို့သော်လည်း ၎င်းက အရာအားလုံး မဟုတ်ပေ။
ဝက်သားကိုကင်ပြီးနောက် ကုယွီမြန်က ဆလတ်ရွက်နှစ်ပိုင်းကိုယူကာ စိန့်ဂျော့ဂ်ျမှိုနှင့် အီနိုကီမှိုအချို့တို့ကိုထည့်ပြီး အရသာကောင်းမွန်စေရန် ကြက်သွန်ဖြူအနည်းငယ်ထည့်ကာ မွှေလိုက်ပြီးနောက် ရွှေရောင်ဝက်ဗိုက်သားကို ညှပ်ထည့်လိုက်သည်။ သူက အချဉ်ရည်ကိုတို့လိုက်ပြီး ကလေးနှစ်ယောက်အား အရသာစမ်းသပ်သည့် ကိရိယာအဖြစ် အသုံးချလိုက်သည်။
ဆလတ်ရွက်၏ အရသာက ကြွပ်ဆတ်ကာ လတ်ဆတ်နေပြီး၊ အနည်းငယ်ကိုက်လိုက်သည်နှင့် မွှေးကြိုင်သည့် ဝက်သားကင်နှင့် ထူးခြားသော စိန့်ဂျော့ရှ် မှိုနှင့် အီနိုကီမှိုမှ ကောင်းမွန်သော အနံ့အရသာ ထွက်လာသည်။ ဝက်သား၏ အရသာက လတ်ဆတ်နူးညံ့ပြီး ဝါး၍လည်း အဆင်ပြေသည်။ ချိုချဉ်ပြီးစပ်သည့် ဆော့စ်နှင့် ပေါင်းစပ်လိုက်သောအခါတွင်မူ အံ့မခမ်းပင်။
ပါဝင်ပစ္စည်းများစွာကို ပေါင်းစပ်ထားသော်လည်း အရသာက လုံးဝ ရှုပ်ထွေးခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ အဆင့်တစ်ခုစီ၏ပေါင်းစပ်မှုက ပြီးပြည့်စုံသည်။ အရသာတစ်ခုလုံးက မွှေးပျံ့ကာ ပြင်းပြသောအရသာရှိပြီး လူအများကို ပြောစရာမဲ့သွားစေသည်။
ကုယွီမြန်နှင့် ကလေးများက အစားအသောက်များကို ကင်ပြီးသည်နှင့် စားသောက်နေကြတယ်။ကုယွီမြန်က သူ့အတွက် ဘီယာတစ်ခွက် လောင်းထည့်လိုက်ပြီး ရွှယ်ထန် နှင့် ထန်ယွမ်တို့ကို အသီးအရသာ ဆိုဒါ အနည်းငယ်ကို ပေးလိုက်သည်။
[ဗီဗီယန်: ငါတော့ သေသွားပြီ… အမဲသားက အရသာရှိပြီး ဝက်သားကလည်း အရသာရှိတယ်… ဆလတ်ရွက် တစ်ပိုင်းနဲ့ မှိုတစ်ခြမ်းက ဘယ်လိုများ အရသာရှိနိုင်ရတာလဲ ဝူး ဝူး…]

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...