Chapter-55

56 13 0
                                    

Chapter 55

_______

ညအချိန်တွင် မိုးသံလေးများ ထွက်ပေါ်လာသည်။

အခန်းထဲတွင် ညမီးအနည်းငယ်သာရှိပြီး အလင်းရောင်က တောက်ပမနေဘဲ ကုယွီမြန်က ပန်ဒါလေးကိုယ်ပေါ်ရှိ သားမွေးများနှင့် သူ၏ ကိရိယာမျိုးစုံကို မြင်နိုင်လောက်ရုံသာ လင်းနေသည်။ ကုယွီမြန်က ဘီးနှစ်ချောင်းကို ကောက်ယူပြီး ပန်ဒါလေးကို အမွေးဖြီးပေးကာ သန့်စင်ပြီး အခြောက်ခံလိုက်သည်။ ထိုကဲ့သို့သော အလင်းရောင်မျိုးက လူများအား လုံခြုံမှုကို ပေးစွမ်းနိုင်ပြီး ကုယွီမြန်၏ အသံကလည်း နူးညံ့နေသည်။

"ရေချိုးတာကို မကြိုက်ရင် အမွေးတွေကို မှန်မှန် ဖြီးပေးတာက ပိုကောင်းပါတယ်…" 

ကုယွီမြန်က သူ့လက်ဖဝါးပေါ်တွင် အိမ်လုပ်အမွေးပျော့ဆေးကိုကိုပွတ်ရင်း ရှင်းပြသည်။

"အဲ့ဒါက မင်းတို့ရဲ့ အညစ်အကြေးတွေနဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပြီး သွေးလည်ပတ်မှုကိုလည်း အားကောင်းစေတယ်.မင်းတို့ရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်…"

ဥပမာအားဖြင့် ကုယွီမြန်က နှင်းကျားသစ်လေး၏ အမွေးများကို အနည်းဆုံး တစ်နေ့လျှင်တစ်ကြိမ် ဖြီးသင်ပေးတတ်သည်။ သူက ကျွတ်သွားသည့် အမွှေးများအား မတော်တဆ စားလိုက်မိမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့အား သိမ်းဆည်းထားလျှင်ပင် ထိုအရာများအား တိုက်ရိုက်ထုတ်လွှင့်မှုတွင် မပြသတတ်ပေ။

လေအေးပေးစက်၏အနံ့က သစ်ရွက်များနှင့် ထင်းရှူးပင် များ ပြည့်နေသော ဆောင်းဦးလေကဲ့သို့ဖြစ်ပြီး အနည်းငယ် ခါးသီးကာ လတ်ဆတ်သောရနံ့ရှိသည်။ ပေါ့ပါး သော်လည်း မရှင်းပြနိုင်အောင် စွဲမက်ဖွယ် ကောင်းသည်။ ပန်ဒါလေးက ကုယွီမြန်၏လက်ကို နမ်းရှိုက် လိုက်သည်။ သူ့မျက်လုံးဝိုင်းဝိုင်းကြီးများက ကြီးမားပြီး သူ့ခေါင်းလေးကို နူးညံ့သောလက်ဖဝါးပေါ်တွင် တစောင်းတင်ထားသည်။

ထို မွှေးရနံ့ကို သူကြိုက်နှစ်သက်သည်။

ကုယွီမြန်၏လက်ငါးချောင်းက ပန်ဒါလေး၏ ဦးခေါင်းပေါ်တွင် ညင်သာစွာ ပွတ်သပ်ပေးနေကာ ပျော့ပျောင်းသော အမွေးနုကလေး များက လက်ချောင်းရှည်များကြားသို့ ပြေးဆင်းသွားကြသည်။ ရင်းနှီးနေသည့် ထိုအထိအတွေ့က သူ့မျက်လုံးများအား မှေးစင်းသွားစေသည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now