Chapter 66

74 11 0
                                    

Chapter 66

July 20, 2024

🐯Chapter 66

ထိုသို့ပြင်ဆင်နေချိန်အတွင်း သုတေသီများက ကုယွီမြန်ကို အကူအညီပေးကြ၏။ သို့ရာတွင် အလွန်တရာဖော်ရွေနေကြသည်ဖြစ်ရာ ကုယွီမြန် နေရခက်လျက်ပင် ပြင်ဆင်ချိန်က တစ်နာရီစွန်းစွန်းကုန်သွားခဲ့သည်။

မစတင်မီတွင် ကျောင်းမှ ကုယွီမြန်အားဆက်သွယ်လာသည်။ နှင်းကျားသစ်လေး၏ အတန်းချိန်ပြီးဆုံးသွားပြီဖြစ်ရာ မည်သည့်နေရာသို့ လာရောက်ပို့ဆောင်ရမည်ကို မေးမြန်းလေသည်။

ကုယွီမြန်က သိပ္ပံအကယ်ဒမီဟု ဖြေကြားပြီး မကြာမီတွင် နှင်းကျားသစ်လေးကို ဂိတ်ပေါက်တွင် သွားကြိုခဲ့သည်။
" ထွမ်ထွမ်က ကျောင်းမှာစာတွေကြိုးစားလာတာပေါ့..."

ကုယွီမြန်က နှင်းကျားသစ်လေးကို နမ်းရှုံ့လိုက်သည်။ ပွယောင်းယောင်းအမွေးများထဲသို့ သူ၏မျက်နှာမြှုပ်နှံထားရင်း နူးညံ့စွာပြောလိုက်သည်။
" အရသာရှိတဲ့ နေ့လယ်စာလေးချက်ရအောင်..."

နှင်းကျားသစ်လေး၏ မျက်လုံးများက မှေးစင်းသွားကာ သူ့အားပွေ့ဖက်ထားသောလူသား၏ လည်ပင်းကို လှပရှည်လျားသော အမြီးရှည်ဖြင့် ရစ်ပတ်လိုက်သည်။

၎င်းကို မြေခွေးလေးက မော့ကြည့်ကာအားကျနေ၏။ ကုယွီမြန်က မြေခွေးလေးစိတ်မကောင်းဖြစ်မည်ဆိုးသည့်အတွက် အလျင်အမြန်ပွေ့ချီကာ နှစ်ဦးစလုံးအား ညီတူမျှတူ အနမ်းချွေလိုက်၏။ 

မြေခွေးလေးက အနည်းငယ်ရှက်ရွံ့သွားသည်။
" ယွမ်ယွမ့်ကို တစ်ယောက်တည်းစောင့်ရှောက်ရတာ လွယ်မှာမဟုတ်ဘူး ချိုးချိုးက တကယ်တော်တဲ့အစ်ကိုကြီးပဲ..."

နှင်းကျားသစ်လေး : သိပ်တော့ပျော်မနေဘူး...

ကလေးသုံးယောက်အား တစ်ပြိုင်နက်စောင့်ရှောက်ရန်မှာ မလွယ်သော်လည်း ကုယွီမြန်က သူ၏သားပေါက်လေးများအား ချစ်မြတ်နိုးဆဲဖြစ်သည်။ ပြင်ဆင်စရာများအား ပြင်ဆင်ပြီးနောက် ကုယွီမြန်က အသက်ရှူထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်လည်စတင်လိုက်သည်။
" အားလုံးပဲ မင်္ဂလာပါ ကျွန်တော် ကုယွီမြန်ပါ… သိကြတဲ့အတိုင်းကျွန်တော်အခု သိပ္ပံအကယ်ဒမီရဲ့မီးဖိုချောင်မှာပါ… နေ့လယ်စာချက်ဖို့ ပါဝင်ပစ္စည်းတွေလည်းငှားထားမိတယ် ဒီနေ့အတွက် ချက်မယ့်ဟင်းလျာကတော့ ချိစ်ဖွန်ဒူး ပါ..."

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now