Chapter 62
July 20, 2024
🐯Chapter 62
တိုက်ရိုက်ထုတ်လွှင့်ချိန်က တိုတောင်းသောကြောင့် ကုယွီမြန်က တစ်နေ့တာ၏ထိပ်ဆုံးဆယ်ယောက်စာရင်း သို့ မတက်နိုင်ခဲ့သော်လည်း ကုယွီမြန်၏ဧည့်ခန်းအဆင့်က အချိန်နှင့်တစ်ပြေးညီ ဆက်လက်မြင့်တက်နေခဲ့ပြီး သူ၏ ပရိသတ်တိုးတက်မှုက အလွန်အံ့သြဖွယ်ကောင်းကြောင်းပြသခဲ့သည်။ သူ၏ဧည့်ခန်းက ဧည့်ဧရိယာတွင် ပထမနေရာကို အခိုင်အမာသိမ်းပိုက်ရန် အချိန်မကြာခဲ့ပေ။
ပရိသတ်က ၁၅ သန်းရှိအထိလာသည်။
"ခဏလေး ဆားလိုသေးတယ်…"
ကုယွီမြန်က ဇွန်းကြီးတစ်ဇွန်းနှင့် ဟင်းချိုကို ဇွန်းအပြည့် တစ်ဇွန်းခပ်ကာ မြည်းကြည့်လိုက်ပြီး ဆားနှင့် နှမ်းဆီဇွန်းတစ်ဝက်ကို ဟင်းချိုထဲသို့ထည့်ကာ နှင်းကျားသစ်လေးကို မြည်းစမ်းကြည့်ရန် ပေးလိုက်သည်။
"ထွမ်ထွမ် အရသာရှိမယ် ထင်လား…"ပရိသတ်များက ပန်ဒါလေး၏ ရှု့ထောင့်မှ ကြည့် နေသောကြောင့် ထန်ယွမ်၏ရှုထောင့်လေးမှ နှင်းကျားသစ်လေး စွပ်ပြုတ်သောက်နေသည်ကိုသာ ကြည့် နေခဲ့ကြရသည်။ နှင်းကျားသစ်လေးက အနည်းငယ် မာနကြီး၍ ရွှင်မြူးဟန်ဖြင့် သူ့မေးစေ့ကို မြှောက်လိုက်ပြီး အလွန်ကောင်းသည် အလွန်ကျေနပ်သည် ဟူသည့် သဘောနှင့် ကုယွီမြန်၏ လက်ဖဝါးကို သူ့ခေါင်းဖြင့်ပွတ်လိုက်သည်။
ပရိသတ်နှင့် မိုက်မဲသော ပန်ဒါလေး- " ... "
ချစ်ပြ ကြင်နာပြနေသည့်ရောင်ဝါက သူတို့ကို မနာလိုဖြစ်စေသည်။ကံကောင်းထောက်မစွာဖြင့် ကုယွီမြန်က ခွဲခြား ဆက်ဆံခြင်းမရှိဘဲ အားလုံးကို တန်းတူရည်တူဆက်ဆံခဲ့သည်။ ထွမ်ထွမ်ကို မြည်းစမ်းကြည့်စေပြီးနောက် ကြွေဇွန်းငယ်တစ်ခုသို့ပြောင်းကာ ယွမ်ယွမ်ကို မြည်းကြည့်စေသည်။
"အရမ်းပေါ့လား အတော်ပဲလား…"ခဏအကြာတွင် ပန်ဒါလေးက မနေနိုင်ဘဲ သူ့ ဗိုက်လေးကို ပွေ့ဖက်ကာ အနီးအနားသို့ လှိမ့်သွားသည်။
“အီ…”အရိုးစွပ်ပြုတ်က မွှေးကာ အရသာက ပေါ့ပါး ပြီး သင့်တော်သည်။ အရိုး၏အနှစ်သာရကို လုံးလုံးလျားလျား ထုတ်ယူခဲ့သည့်အပြင် ခြင်ဆီ၏ အရသာက မအီဘဲ လျှာဖျားရှိ အရသာခံဖုများအနှံ့ ပျံ့နှံ့သွားသည်။ တစ်ဇွန်းသောက်ပြီးနောက် လည်ချောင်းမှ ဗိုက်အထိ ပူနွေးလာ ကာ အလွန်သက်တောင့်သက်သာရှိစေသည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...