Chapter-54

67 10 0
                                    

Chapter 54

_______

ကိန်းဂဏန်းများက ဆက်လက်မြင့်တက်နေသည်။

ဆန်ကိတ်လုပ်ပြီးသောအခါ ကုယွီမြန်က ဆန်ကိတ်ကို ချောမွေ့ပြီး အပြားပုံစံဖြစ်ရန် ဖန်တီးပြီး အအေးခံရန် စက်ထဲသို့ ထည့်လိုက်သည်။ ယခုတွင် ထိုကိတ်များကို စက်ထဲမှထုတ်ပြီး မကြာမီမှာပင် အပိုင်းပိုင်းဖြတ်လိုက်သည်။ ထိုဆန်မုန့်များက နှစ်သစ်၏ မုန့်ကောင်းတစ်ခုပင်။

"ကျွန်တော်က ချိုတဲ့ဆန်ကိတ်ကို စားရတာ ကြိုက်တယ်…စကားပန်း ပျားရည်နဲ့လုပ်ထားတာမျိုး… " 

ကုယွီမြန်က ပြောလိုက်သည်။

ကုယွီမြန်က အသားကင်စာရွက်တစ်ရွက်ကို ပြောင်းလိုက်ကာ မုန့်ဖုတ်ဗန်းအောက်ခြေတွင် ဆီအနည်းငယ် သုတ်ပြီး နှစ်သစ်ဆန်ကိတ်လေးများကို မုန့်ဖုတ်ဗန်းထဲသို့ ထည့်လိုက်သည်။ နှစ်သစ်ကိတ်မုန့်များက ပူလောင်ပြီး အိုးအောက်ခြေတွင် ကပ်မနေစေရန်အတွက် ကုယွီမြန်က အခါအားလျော်စွာ လှန်ပေးကာ ရွှေရောင် ပူဖောင်းလေးများ ပေါ်လာသည်ကို စောင့်ပြီးလှန်ပေးရင်း တစ်ချိန်တည်းမှာပင် ၎င်းကိတ်မုန့်ပေါ်တွင် စကားပန်းပျားရည်ကို ပါးပါးလေးသုတ်ပေးလိုက်သည်။ 

သူက စကားပန်းပျားရည်ကို လွန်ခဲ့သော ရက်အနည်းငယ်က ပြုလုပ်ခဲ့သည်။ ကြယ်ကွန်ရက်ပေါ်တွင် စကားပန်း ပွင့်ချပ်များ ရောင်းချနေသည်ကိုမြင်ပြီး ဤအကြံအစည်ကို ခဏတာစဉ်းစားခဲ့မိသည်။ ပန်ဒါများက ပျားရည်ကို အလွန်နှစ်သက်ကြ၍ မှန်ကန်သောပျားရည်က အူလမ်းကြောင်းကို စိုစွတ်စေပြီး နှလုံးသွေးကြောကျန်းမာရေးအတွက် ကောင်းမွန်သည်။

သကြားအလွန်အကျွံစားခြင်းက မကောင်းသောကြောင့် ကုယွီမြန်က သကြားအဖြူထပ်မထည့်ဘဲ ဆီအနည်း ငယ်သာ သုံးခဲ့သည်။

အချိန်တိုအတွင်းမှာပင် မုန့်ဖုတ်ဗန်းပေါ်ရှိ ဆန်ကိတ်များ ကျက်သွားသည်။ ကုယွီမြန်က သူ့တူကိုယူကာ ဆန်ကိတ်မုန့်ကို အဖြူရောင်ကြွေပန်းကန် ပြားထဲသို့ တစ်ခုပြီးတစ်ခုထည့်ကာ မျက်နှာပြင်ပေါ် တွင် စကားပန်းပျားရည်အလွှာ ခပ်ပါးပါးလောင်းချကာ သေးငယ်ပြီး သန့်ရှင်းသော စကားပန်းပွင့်ချပ်များဖြင့် အလှဆင် လိုက်သည်။ ထို အချိုပွဲက နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသောပုံ ပေါက်သည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now