Chapter-52

64 13 0
                                    

Chapter 52

_______

ပထမဆုံး တစ်ချက်မှာပင် ထိုအရာက လှပသော မြင်ကွင်းတစ်ခုဖြစ်သည်။ 

[တရုတ်ပြည်တောင်ဘက်က ကျားက ဘယ်တော့မှ ချိန်းမတွေ့ဘူး : အယ် ဒါ အရင်က တာ့ခ်မှာ လုပ်ခဲ့ဖူးတဲ့ ဘာဘီကျူးလား… အဲဒီ့နောက်ပိုင်းမှာ ငါ တစ်ချိန်လုံး လုပ်စားခဲ့ပေမယ့် တစ်ခါမှ အကြိုက်မတွေ့ခဲ့ဘူး… စောင့်မျှော်နေပါတယ်…]

[ဗီဗီယန် : အရင်က တာ့ခ်မှာ ဘာတွေလုပ်ခဲ့တာလဲ… ငါမနာလိုဖြစ်သွားပြီ… ကြယ်တာရာမြို့တော် မရောက်ခင်က တင်ဆက်သူရဲ့ ဗီဒီယိုတွေကို ငါ ရှာမတွေ့ဘူး…] 

"အသားကင်(ဘာဘီကျူး)နဲ့ ကိုရီးယားအသားကင်က အရသာနဲ့ လုပ်ထုံးလုပ်နည်း မတူဘူး…" 

ကုယွီမြန်က ခေါင်းညိတ်လိုက်သည်။ 

"ဒါပေမယ့် သူတို့က နည်းနည်းဆင်တူတယ်…လုပ်ရတာလည်း လွယ်တယ်…မင်းတို့ အိမ်မှာ စမ်းကြည့်လို့ရတယ်…" 

နှင်းကျားသစ်လေးက ဝါးခြင်းတောင်းလေးကို သူ့ခြေသည်းလေးများနှင့် တွန်းလိုက်သည်။ ခြင်းတောင်းထဲတွင် လတ်လတ်ဆတ်ဆတ် ဆလတ်ရွက်များ ရှိသည်။သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် နေရာတွင် ပြန်ထိုင်ကာ ခေါင်းလေးမော့ပြီး သူ့လူသားက သူ့ကို ချီးမွမ်းမည်ကို စောင့်မျှော်နေသည်။ 

ပန်ဒါလေးက သူ့ချိုလိန်လေးကိုစုပ်ကာ တောင်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။ ကုယွီမြန်က သူ့ခေါင်းကို ပွတ်လိုက်ပြီး မျက်လုံးများကိုကွေးကာ ပြုံးလိုက်သည်။

"ထွမ်ထွမ်က အရမ်းတော်တယ်…"

နှင်းကျားသစ်လေး၏ ရှည်လျားသော အမြီးက ရွေ့လျားသွားပြီး သူ့မျက်လုံးများကို ပျင်းရိစွာ မှိတ်ထားကာ အနည်းငယ် ကျေနပ်နေပုံပေါ်သည်။ 

ပန်ဒါကလေး :  "အီ….." 

ကုယွီမြန်က ရေတစ်ပန်းကန်ဖြည့်ကာ သူ့ခေါင်းကိုလည်း အနမ်းပေးလိုက်သည်။

 "ယွမ်ယွမ်လည်း အရမ်းတော်တယ်… အိမ်မှာဆိုရင် အရမ်းလိမ္မာတယ်…" 

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now