Chapter 60
---------
ထိုညနေတွင်...
"အထက်တန်းလွှာနယ်မြေတဲ့… မင်းသွားချင်လား…"
ကုယွီမြန်က ခုတင်ပေါ်တွင် လဲလျောင်းနေပြီး နှင်းကျားသစ်လေးက သူ့ပခုံးပေါ်၌အိပ်နေကာ သူက ပန်ဒါလေး၏မျက်နှာကို ညှစ်လိုက်သည်။
ထိုအရာက အနည်းငယ် အလှမ်းဝေးလွန်းလှသည်။ သူနှင့် ကလေးလေးတို့က ထိုနေရာသို့ ရောက်ရန် ကြိုးကြိုးစားစား လုပ်ရလိမ့်မည်။
မသွားဘူးဆိုပါက သူ၏တိုက်ရိုက်ထုတ်လွှင့်မှုက သနားစရာ ဖြစ်သွားပေလိမ့်မည်။(အခွင့်ကောင်းကို လွဲသွားလို့ပါ) ဒုတိယအနေနှင့် တစ်ခုခုလွဲချော်သွားမည်ဟု သူထင်မိသည်။ သူ့ကိုယ်ပိုင်အမြင်အရဆိုလျှင် သိပ္ပံအကယ်ဒမီကို လည်ပတ်ခွင့်ရရန် သူ အလွန် စိတ်ဝင်စားသည်။
" ကောအာရှစ်စစ်ရဲ့ ဆွေမျိုးတွေက အထက်တန်းလွှာနယ်မြေမှာ နေကြတယ်…"
ကုယွီမြန်က ပြောလိုက်သည်။ ပန်ဒါဝက်ဝံလေး၏ နားရွက်များက လှုပ်နေပြီး မသိစိတ်မှ ထိုပြောကြားချက်ကို နားထောင် နေခဲ့သည်။
"ငါသာ သူနဲ့တွေ့ခွင့်ရရင်…"
ဤနည်းဖြင့် ကောအာရှစ်စစ်ကို အေးဂျင့်မှတစ်ဆင့် သွားတွေ့ရန်မလိုဘဲ ဆက်သွယ်နိုင်သည်။
ပန်ဒါလေးက ထိုအရာကို နားမလည်နိုင်သော်လည်း ရုတ်တရက် သူ အလွန်ပျော်သွားသည်။ သူက ကုယွီမြန်၏ လက်ဖဝါးကို ကိုင်လိုက်ပြီး သူ၏ အသိအမှတ်ပြုမှုကို ဖော်ပြရန် သူ့ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။
ငါသာ သူနဲ့တွေ့နိုင်မယ်ဆိုရင်…
နှင်းကျားသစ်လေးက နိုးလာပြီး ပန်ဒါလေးကို အေးစက်စက် အကြည့်တစ်ချက်ပေးကာ သူ့ကို ဖြည်းညှင်းစွာ အဝေးသို့ တွန်းပို့လိုက်သည်။
"ငါတို့သွားမယ်ဆိုရင် တော်ဝင်မိသားစုနဲ့ရော တွေ့ရမှာလား… တော်ဝင်နန်းတော်ကို သွားကြည့်ချင်တယ်…"
ကုယွီမြန်က ယခုအချိန်တွင် သွားရန် ဆုံးဖြတ်လုနီးပါး ဖြစ်ခဲ့ပြီး နေ့ခင်းဘက် အိပ်မက်များ မက်နေ (စိတ်ကူးယဉ်နေ)သည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...