chapter 50

176 20 0
                                    

Chapter 50
July 17, 2024
🐯Chapter 50

ကုယွီမြန်က ထိုအချိန်လေးတွင် ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။

၎င်းက အားလပ်ရက်ကို ကုန်ဆုံးရန်နည်းလမ်းပင် ဖြစ်သည်။ မိသားစုအတူတူ စားသောက်ဆိုင်ကို သွားပြီး လမ်းလျှောက်ကာ လျှောက်လည်ကြမည်။ အစားအသောက်များ ကုန်သွားခြင်းကပင် အလှတရားတစ်ခုဖြစ်သည်။ ကုယွီမြန်က နှင်းကျားသစ်လေးနှင့် ပန်ဒါလေးတို့ ဆော့ကစားနိုင်ရန် မည်သည့်နေရာသို့ ခေါ်သွားရမည်ဟု စဉ်းစားနေစဉ်မှာပင် ရုတ်တရက် သူ့ လက်ပတ်ကွန်ပြူတာသို့ စာဝင်လာသည်။

[ရှို့ဟန် : ကိုယ့်ကို တစ်ခု လုပ်ပေးနိုင်မလား…]

ကုယွီမြန်  "...."

ကုယွီမြန်က နှင်းကျားသစ်လေးအား ကြယ်တာရာကောင်းကင်အဆောက်အဦးသို့ ပို့ဆောင်ထားစဉ်က မစ္စတာရှို့၏ ကြယ်ကွန်ရက် ဆက်သွယ်ရေးအကောင့်ကို ပြီးခဲ့သည့် အကြိမ်က သိမ်းထားခဲ့ခြင်းဖြစ်သော်လည်း ယခုအကြိမ်က ပထမဆုံးအကြိမ်အဖြစ် ဆက်သွယ်လာခြင်းဖြစ်သည်။

ထန်ယွမ်လေးက သူ့လက်သည်းနှစ်ချောင်းထဲရှိ ကြည်လင်သောပုဇွန်ဖက်ထုပ်ကို ကိုက်ဝါးနေသည်။ သူက ကုယွီမြန်ကို စောင်းကြည့်လိုက်သည်။ နှင်းကျားသစ်လေးက သူ့ပခုံးပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး မှိန်းနေသည်။

တစ်ဖက်မှ စာတိုပေးပို့သောကြောင့် ဖုန်းခေါ်ဆိုရန် သို့မဟုတ် ဗီဒီယိုခေါ်ဆိုရန် အဆင်မပြေဟုသာ သူထင်ခဲ့သည်။ ကုယွီမြန်လည်း ထိုသို့ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

[ကုယွီမြန် : တစ်ဆိတ်လောက် ဘာများဖြစ်လို့လဲ မသိဘူး…]

ရှို့ဟန်က အဘယ်ကြောင့် သူ့ကို အကူအညီတောင်းရန်ရွေးချယ်ခဲ့သည်ကိုတွေးလျက် ရှုပ်ထွေးနေမိသော်လည်း သူက အခြားသူတစ်ဦးကိုလည်း ကောင်းစွာသိပုံမပေါ်ပေ။ သို့သော်လည်း ရှို့ဟန်က သူ့ကို နှစ်ကြိမ်ကူညီခဲ့ဖူးသည်။ သူ၏မေတ္တာနှင့် အကြောင်းပြချက်များကြောင့် ကုယွီမြန်လည်း သူလိုအပ်နေသောအချိန်တွင် သူ့ကို ကူညီချင်ခဲ့သည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now