Chapter 63
July 20, 2024
🐯Chapter 63
တစ်နာရီကြာသောအခါ သိပ္ပံအကယ်ဒမီမှ အနည်းငယ်ကွာဝေးသောအအောက်အအုံတစ်ခုတွင်
" ကျွန်တော် တောင်းပန်ပါတယ် မစ္စတာကု..."
လက်ထောက်အကြီးအကဲက အခန်းတံခါးကို သံလိုက်ကတ်တစ်ခုဖြင့်ဖွင့်နေရင်းမှ ပြောလာသည်။
" ဒါ နည်းနည်းတော့ ရိုင်းပြသလိုဖြစ်နေနိုင်ပေမယ့် မစ္စတာကု စိတ်ထဲမရှိဖို့ မျှော်လင့်ပါတယ်...""ကိစ္စမရှိပါဘူး...ကျွန်တော် ဒီနေရာကို သဘောကျပါတယ်..."
ကုယွီမြန်က ပြုံးလိုက်သည်။ဤနေရာက သိပ္ပံအကယ်ဒမီ၏ အဆောက်အအုံခွဲတစ်ခုဖြစ်သည်။ သို့သော်လည်း အေးစက်သည့် နည်းပညာအငွေ့အသက်များထုတ်လွှတ်နေခြင်းမရှိဘဲ အနည်းငယ်ရင်းနှီးကျွမ်းဝင်စေသော သစ်သားပရိဘောဂများရှိလေသည်။
၎င်းကား ထပ်ခိုးအဟောင်းနှင့်တွဲစပ်ထားသော အလွှာတစ်လွှာဖြစ်သည်။ နူးညံ့သောကူရှင်များ ကျယ်ပြန့်သော ပြူတင်းပေါက်များအပြင် နေရောင်ခြည်ကောင်းစွာဝင်ထွက်နိုင်သော နေရာများစွာရှိသည်။ မီးဖိုချောင်ပစ္စည်းများလည်း အသင့်အသုံးပြုနိုင်ပေသည်။ ရက်သတ္တပတ်မျှတည်းခိုရန် သင့်လျော်သောနေရာတစ်ခုဖြစ်ပြီး ကုယွီမြန်၏ လိုအပ်ချက်များနှင့် ကိုက်ညီနေ၏။
" ထွမ်ထွမ်နဲ့ ယွမ်ယွမ် သဘောကျရဲ့လား..."
ကုယွီမြန်က နှင်းကျားသစ်လေး၏ ခေါင်းကိုပုတ်၍ တစ်ဖက်တွင် ပန်ဒါလေး၏ လက်ဖဝါးအား ပွတ်သပ်ပေးနေသည်။ပန်ဒါလေးက ပျော်ရွှင်သည့်အသံများပေးလာသော်လည်း နှင်းကျားသစ်လေးက မှုန်တေတေအမူအရာဖြင့် သူ၏ခေါင်းကို တစ်ချက်ပင်မလှည့်လာချေ။
သူက ကုယွီမြန်အား စိတ်တိုနေဆဲဖြစ်၏။
ကုယွီမြန် မတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။
အဆုံးတွင်သူက သိပ္ပံအကယ်ဒမီမှ ကမ်းလှမ်းထားသော အဆောင်ကိုသာ ရွေးချယ်ခဲ့သည်။ ရေပေါ်ကျွန်းများကား သူနှင့်မသက်ဆိုင်သောနေရာဖြစ်ပြီး ထိုနေရာရှိ အစေခံများစွာကြောင့် စိတ်အေးသက်သာစွာအနားယူနိုင်မည်မဟုတ်ချေ။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...