Chapter 67
July 20, 2024
🐯Chapter 67
နေ့လယ် ၁၂နာရီခွဲခန့်အချိန် မြို့လယ်ရှိ ကြယ်တာရာကောင်းကင် တိုက်ရိုက်ထုတ်လွှင့်မှု ဌာနချုပ်တွင်ဖြစ်သည်။
ကြယ်တာရာကောင်းကင်မြို့နှင့် သိပ္ပံအကယ်ဒမီတို့၏ ပထမဆုံးအကြိမ် ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည့်အလျောက် ဌာနချုပ်ရှိ ဝန်ထမ်းများအပါအဝင် အထက်အရာရှိများအထိ ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။
" တိုးလာတဲ့ အရေအတွက်ကြီးက နည်းနည်းများကြောက်ဖို့ကောင်းမနေဘူးလား… ငါတို့တက်သစ်စတုန်းက အဲလောက်ကြီးမလုပ်နိုင်ခဲ့ဘူး ဟုတ်တယ်မလား လူအိုကြီးကေ ..."
လူအိုကြီးကေက ကြယ်တာရာကောင်းကင်မြို့၏ ထိပ်တန်းတင်ဆက်သူများအနက်မှ တစ်ဦးဖြစ်၏။ သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဖန်သားပြင် ညာဘက်ထောင့်ပေါ်မှ ကြည့်ရှုသူအရေအတွက်ကို လက်ညှိုးထိုးပြ၍ အနည်းငယ်ထိတ်လန့်စွာ ဆက်ပြောသည်။
" ဒီတစ်ခါ သူ လေးငါးနာရီလွှင့်ရင် စံချိန်တွေပါချိုးသွားလောက်မလား..."" ဟင့်အင်း..."
ခေါင်းဆောင်လူဟောင်းတစ်ဦးက ပြောလာသည်။
" အာ ဟုတ်လား သူစံချိန်မချိုးနိုင်လောက်ဘူးပေါ့...""..."
တစ်ဖက်လူက ပြန်လည်ဖြေကြားလာ၏။
" လေးငါးနာရီမလိုဘူး နှစ်နာရီအတွင်းချိုးနိုင်သွားလိမ့်မယ် စောင့်သာကြည့်နေလိုက်...""..."
သောက်ကျိုးနည်း...မည်သို့ပင်ဆိုစေ ဤတင်ဆက်သူက အရည်အချင်းရှိသည်မှာ ငြင်းဆိုမရချေ။
ကြယ်တာရာကောင်းကင်နှင့် သိပ္ပံအကယ်ဒမီတို့ ပူးပေါင်းလုပ်ဆောင်ရန် စီမံကိန်းရှိခဲ့သည်ကား ကြာပြီကာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ရုံပင်။ တစ်ဖက်ကကြည့်ပါက သိပ္ပံအကယ်ဒမီက အတော်အတန်ဘဝင်မြင့်ကာ တင်ဆက်သူများနှင့်အဆက်အသွယ်မပြုလိုပေ။ တစ်ဖက်တွင်လည်း သိပ္ပံပညာရပ်နှင့်ဆိုင်သည့်အကြောင်းအရာများက အနည်းနှင့်အများဆိုသလို ငြီးငွေ့ဖွယ်ဖြစ်ကာ ရေပန်းစားရန် မလွယ်ကူလှပေ။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...