Chapter-61

142 15 0
                                    

Chapter 61

________

ကြယ်တာရာမြို့တော်၏ အထက်တန်းလွှာနယ်မြေက လူလတ်တန်းစားနှင့် သာမန်လူတန်းစားနယ်မြေများကဲ့သို့ လူဦးရေ သိပ်သည်းမှုမရှိသော်လည်း ၎င်း၏နည်းပညာနှင့် စီးပွားရေးက နယ်မြေနှစ်ခုတို့ထက် အဆပေါင်းများစွာ ပိုမို တိုးတက်နေသည်။ တံခါးနောက်မှ စောင့်ဆိုင်းရသည့် အခန်းက ပြင်ပကမ္ဘာနှင့် သီးခြားခွဲထားသည့် သီးသန့် နေရာဖြစ်သည်။ စောင့်ဆိုင်းခန်းမှလူများ ထွက်ခွာ သွားပြီးနောက် နေရာလွတ်က အလိုအလျောက် ပုံစံပြန်ပြောင်းသည်။

ထိုနေရာက ကျယ်ဝန်းလှပေ။ ပြတင်းပေါက်အပြင် ဘက်တွင် အထက်တန်းလွှာနယ်မြေ၏ နှင်းထူထပ်သော မြင်ကွင်းကို လှမ်းမြင်နေရသည်။ အခန်းထဲတွင် မှန်ကန်သောအပူချိန်ဖြင့် သန့်ရှင်းပြီး ပျော့ပျောင်းသော အိပ်ရာလေးတစ်ခုရှိသည်။ ရိုးရှင်းသည့် မီးဖိုချောင်လေးတစ်ခုပင် ရှိနေသည်။ ကုယွီမြန်က ကလေးများ အနားယူရန် စီစဉ်ပြီး တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် ပြင်ဆင်လိုက်သည်။

ယခင်က လူကြိုက်များမှုများ စုဆောင်းမိခြင်း နှင့် သိပ္ပံအကယ်ဒမီ၏ လူသိရှင်ကြားထွက်ပေါ်လာခြင်း တို့ကြောင့် သူ၏ကျော်ကြားမှုမှာ အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။

မိနစ်အနည်းငယ်အတွင်း ကြည့်ရှုသူဦးရေ တစ်သန်း ကျော်သွားခဲ့သည်။

[အဖြူရောင် သစ်တော်ပန်းပွင့် လီ လီ : ဝှက်သယ်ဖတ်… အထက်တန်းလွှာနယ်မြေတဲ့… ငါ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့တာတောင် အထက်တန်းလွှာနယ်မြေကို တစ်ကြိမ်မှ မရောက်ဖူးဘူး ငါစိတ်ကူးတောင် မယဉ်နိုင်ဘူး… အဲ့မှာ သူဌေးတွေ ချမ်းသာတဲ့သူတွေ အများကြီးရှိလား… တော်ဝင်မိသားစုကော နန်းတော်ရော ရှိလား…]

[ဗီဗီယန် : အားးး မြန်မြန် နောက်ဆုံးတော့ တိုက်ရိုက် ထုတ်လွှင့်နေပြီပဲ… စာကြွင်း : ငါ အရင်က အထက်တန်းလွှာနယ်မြေကို အလုပ်ကိစ္စနဲ့ သွားဖူးတယ် အဲဒီက အငွေ့အသက်က တကယ်ကို လေးနက်ပြီး သိက္ခာရှိတယ်… ဧကရာဇ်က ဒေါသထွက်တတ်လို့လည်း ဖြစ်နိုင်တယ်… ဧကရာဇ်ရဲ့ မွေးနေ့တောင် နီးပြီမလား…]

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now