Chapter 48
July 17, 2024
🐯Chapter 48[မိုင်းတွင်းထဲမှာ မိသားစုတစ်ခုရှိတယ် : တင်ဆက်သူက ရုတ်တရက်ပေါ်လာတာပဲ ငါကြိုက်တယ်… ကံကောင်းလို့ ငါ နေ့လည်နေ့ခင်း တစ်ရေးတစ်မော မအိပ်ခဲ့မိတာ…]
[ ကြယ်ပွင့်မိန်းကလေး : ဒီနေ့ရဲ့ နောက်ခံရှူခင်းက အိမ်မှာလည်း မဟုတ်ဘူး… မြန်မြန်က လျှောက်လည်နေတာလား…]
[တိမ်ရင်ထိုး သေးသေးလေး : ငါတို့လာပါပြီ... ပေါင်မုန့်ခြောက်နဲ့ ထမင်းဖြူလည်း ယူလာတယ်… ကျေးဇူးပြုပြီး ဒီနေ့တော့ နေ့လည်စာစားပါရစေ…]
[အသုံးပြုသူ 15289: ဒီတိုက်ရိုက်ထုတ်လွှင့်မှုက တကယ်ကို မှော်ဆန်ပြီး စိတ်အားထက်သန်မှု ရှိမရှိ ကြည့်ဖို့ ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်က အကြံပြုထားတယ်။] [ဗီဗီယန် - မီးရှူးမီးပန်းများ ပေးပို့ရန် စောင့်မျှော်နေပါသည်။]
ထို တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြိုတင်အသိပေးမထားသော်လည်း၊ သုံးမိနစ်အတွင်း ကြည့်ရှူသူပေါင်း ၂သိန်း အထိရောက်အောင် လျင်မြန်စွာ တက်လာသည်။ ၎င်းက ကုယွီမြန်အား အနည်းငယ် အံ့အားသင့်စေသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။ သူ တာ့ခ်တွင် နေခဲ့သည့် အချိန်က ကြည့်ရှူသူ လူဦးရေအများဆုံး ထိပ်သီး တိုက်ရိုက်ထုတ်လွှင့်မှုပင် ကြည့်ရှုသူ ၅သိန်း သာရှိခဲ့သည်။
မနေ့ညက ပရိသတ် ဘယ်လောက်တောင်ရလိုက်တာလဲ…
လူသားကလေးလေးဖြစ်လာသော ထန်ယွမ်လေးက ပုခက်ထဲတွင်လှဲရင်း ပုန်းကွယ်ကာ အိပ်နေသည်။ ထို တိုက်ရိုက်ထုတ်လွှင့်မှုက နှင်းကျားသစ်လေး၏အမြင်နှင့်ဖြစ်သည်။
" ကျွန်တော်တို့ စားသောက်ဆိုင်မှာ စားဖို့ ထွက်လာတုန်း ဆိုင်မှာ တစ်ခုခု ဖြစ်သွားတယ်… အခု တိုက်ရိုက်ထုတ်လွှင့်မှုက သိပ်ကြာမှာ မဟုတ်ဘူးဆိုတော့ မင်းတို့ ခဏလောက်ပဲ ကြည့်လို့ရမယ်… ပြီးတော့ ပေါင်မုန့်ခြောက်နဲ့ ထမင်းဖြူပဲ မစားပါနဲ့… အာဟာရပြည့်အောင် မျှမျှတတ စားတာ ပိုကောင်းပါတယ်... ဒီနေ့ ကျွန်တော်က ကြည်လင်တဲ့ပုဇွန်ဖက်ထုပ်နဲ့ ကွန်ပေါင်ကြက်သားချက်ပြမှာပါ… စကားအများကြီးမပြောဘဲ စလိုက်ရအောင်…"

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...