Chapter: 004 - ငါ ဒီကိုလာတည်းက လက်ခံရမှာပဲ။-၂

425 36 0
                                    


Chapter: 004 – ငါ ဒီကိုလာတည်းက လက်ခံရမှာပဲ။-၂

အခန်းသည် ခဏတာ တိတ်ဆိတ်သွားသည်။ ပထမအဆင့်ကိုယ်လုပ်တော် ၂ ယောက် က စကားမပြောပဲ ထို့အစား ဘယ်ဘက်အစွန်ဆုံးမှာ ခရမ်းရောင်နဲ့ အဝါရောင် ၀တ်စုံရှည်ကို ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က အရင်ပြောလာသည်။ "အိုး..အကြီးဆုံးအစ်မမှာတောင် ညီမတို့ကို အရိုအသေပေးရမဲ့နေ့ ရှိလာပါလားနော်၊ ဒီလိုဖြစ်လာမယ်လို့ မထင်ထားဘူး၊ ကျွန်မ အိမ်မက်မက်နေသလားပဲ.."

ဂျီမိန် က သူမကို လှမ်းကြည့်လိုက်သည်။ ဤမိန်းမသည် ထင်ရှားသည်။ ထိုအမျိုးသမီး သည် မူလက ပြည့်တန်ဆာရုံမှ ဖြစ်ပြီး သာမန်ကိုယ်လုပ်တော် တစ်ယောက် ဖြစ်သော်လည်း ပထမအဆင့်ကိုယ်လုပ်တော်များကို မစောင့်ပဲ အရင် စကားပြောခဲ့သည်။ သူမ နာမည်က ဘာလဲ? မုရူချင်း လား?

မုရူချင်း ကို အိမ်ရှေ့မင်းသားမှ မြို့စားကို ပေးထားသောကြောင့် သူမ အား ထောက်ပံ့သူမှာ အခိုင်အမာရှိပြီး သူမရဲ့အကျင့်စာရိတ္တသည် နည်နည်းပို၍ ဖြူစင်သည်။ မည်သို့ပင်ဆိုစေကာမူ အခြားအမျိုးသမီးတွေက သူမကို ဘာမှမလုပ်နိုင်ပါ။ ဤအမျိုးသမီး နှင့် မြန့်စန်းယုတို့ သည် မီးနှင့်ရေ ကဲ့သို့ မတည့်သည်ကို ဂျီမိန် သတိရမိသည်။ သူတို့ သည် တစ်ယောက်နဲ့တစ်ယောက်မြင်တိုင်း ခွေးတွေလို တစ်ယောက်ကိုတစ်ယောက် မလွှဲမရှောင်သာ ပုတ်ခတ်ပြောတတ်ကြတယ်။

မုရူချင်း က အစပြုလာသောအခါ ရှိနေကြသော အမျိုးသမီးတွေက ဘာမှမပြောကြတော့။ ချီးမြှောက်ခံရသော ကိုယ်လုပ်တော် နှစ်ယောက် သည်လည်း သူမအရိုအသေပေးနေသည်ကို ထဖို့ ချက်ချင်း အချက်မပြကြပေ။ ဂျီမိန် ကိုပဲ ဆုံးဖြတ်ခိုင်းခဲ့တယ်။

ထို့နောက် သူမ သည် မုရူချင်းကို တချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ညီမရေ၊ ဒီစကားတွေက မှားနေတယ်။ ကံဇာတာဘီး က အမြဲတမ်း ပြောင်းလဲနေတာပါ၊ ခေါင်းငုံ့ရမဲ့နေ့တွေ မရှိတဲ့သူ ဆိုတာ ဘယ်သူရှိလို့လဲ? ခေါင်းငုံဖို့ အချိန်တန်ရင် ညီမလည်း ခေါင်းငုံ့သင့်တယ်။ အခုဆိုရင် ချီးမြှောက်ခံရသော ကိုယ်လုပ်တော်တွေက ဒီအစေခံထက် အဆင့်အတန်းမြင့်တယ်။ သူတို့က အရိုအသေပေးတာက ဒီအစေခံအတွက် လုပ်သင့်တာပါ၊ အံ့ဩနေဖို့ မလိုပါဘူး"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now