Chapter: 062 - အောင်သွယ်တော်တာဝန်-၁

352 41 2
                                    



Chapter: 062 – အောင်သွယ်တော်တာဝန်-၁

နင့်အမေပဲ! ဒါက အစေခံမိန်းကလေး လုပ်ရတာ သိသာတယ်၊ ဒါတောင် သူက သူမကို လုပ်ဖို့ အလွယ်တကူ ပြောခဲ့တယ်။ မြို့စားမိုယု၏နှလုံးသားထဲတွင် မြန့်စန်းယု သည် အစေခံမိန်းကလေးနှင့်အတူတူပင်။

ဒီအမှန်တရားကို သူမ သိထားပြီးဖြစ်သော်လည်း ဂျီမိန်ကတော့ အလွန်စိတ်ဆိုးနေခဲ့ပြီး သူ ဦးထုတ်စိမ်းဆောင်းရပါစေ လို့ အကြိမ်တစ်ရာလောက် တိတ်တိတ်လေး ကျိန်ဆဲခဲ့တယ်။

နောက်တစ်နေ့တွင် ဂျီမိန် သည် သခင်မကြီး၏ခြံဝင်းသို့ သွားရောက်ဂါရဝပြုသည့်အခါ နင်းမင်ကျဲလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူက သူမထက်စောပြီး ဒီကိုရောက်နေခဲ့တာဖြစ်လို့ အခု ပြတင်းပေါက်အနားက ညောင်စောင်းသေးလေးမှာ ထိုင်ပြီး လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေတယ်။

"စန်းယု၊ မင်း ဒီကို အချိန်ကိုက်ရောက်လာတာပဲ" ဟု သခင်မကြီးက ပြုံးပြုံးလေး ပြောလိုက်တယ်။ "မင်းကျဲ က အားရုံနဲ့အပြင်ထွက်ချင်တယ်လို့ ပြောခဲ့ပေမဲ့ သူတို့က ဒီနယ်မြေနဲ့သိပ်မရင်းနှီးဘူးလေ၊ မင်း က အားရုံ ကိုခေါ်သွား၊ ချင်းယွမ် က မင်းကျဲနဲ့အတူ ဝိုင်သောက်ဖို့ ရောက်နေတယ်"

ချင်းယွမ် ဒီကိုရောက်နေတယ်? ဂျီမိန် က မျက်ခုံးပင့်ကာ သခင်မကြီးကို သံသယများနဲ့ ကြည့်လိုက်သည်။ သို့သော် သခင်မကြီး က သူမအား အဓိပ္ပါယ်ရှိသော အကြည့်ကို ပေးနေသည်ကို သူမတွေ့လိုက်ရသည်။

ဂျီမိန် သည် သူမ ဘာကို ညွှန်ပြဖို့ ကြိုးစားနေသလဲကို နားမလည်ပေမဲ့ သူမကတော့ သဘောတူဆဲဖြစ်သည်။ တဖက်က နင်းမင်ကျဲက ခေါင်းကို လှည့်လိုက်စဉ် ငွေရောင်မျက်နှာဖုံးက နည်းနည်းတောက်ပသွားသည်။ သူ့မျက်လုံးများက နူးညံ့သိမ်မွေ့စွာ ပြုံးနေသည့် ရည်ရွယ်ချက်ကို ကိုင်ဆောင်ထားသည်။ "သခင်မကြီးကို ပြသာနာပေးမိလို့ တောင်းပန်ပါတယ်"

"လူငယ်တွေက အတူကစားရတာကို ကြိုက်ကြတယ်၊ ငါ က အိုနေပြီဆိုတော့ မင်း၄ ယောက် သွားမှာကို မနှောက်ယှက်တော့ဘူး" သခင်မကြီး က မြန့်စန်းယု ကို ကြည့်ကာ ပြုံးနေသည်။ "မင်း အပြင်ထွက်ရင် အဲဆိုင်ကနေ အအေးခရင်မ်၂ ဘူး လောက် ဝယ်လို့ရဦးမလားကို ကြည့်ခဲ့ပေးပါ"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now