Chapter: 039- သားတစ်ယောက် ရှိဖို့ အချိန်ပဲ-၂

297 29 1
                                    



Chapter: 039– သားတစ်ယောက် ရှိဖို့ အချိန်ပဲ-၂

မြန့်စန်းယုတွင် သူမကို ထောက်ပံ့ဖို့ သခင်မကြီးရှိသော်လည်း မြို့စား၏မေတ္တာ (သို့မဟုတ်) သခင်မကြီး၏ပံ့ပိုးကူညီမှုမရှိသော တခြားကိုယ်လုပ်တော်များကမူ မြို့စားကို တွေ့ခွင့်ရရန်ပင် ခက်ခဲပြီး သူတို့စိတ်ထဲတွင် မမျှတမှုကို ခံစားနေကြရတယ်။

ဂျီမိန် သည် ဒီနေ့ သခင်မကြီး၏ခြံဝင်းထဲမှ ထွက်လာသောအခါတွင် မုရူချင်း အပြင်ဘက်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

အဝေး က မြန့်စန်းယု ကို ကြည့်ရင်း မုရူချင်း သည် သူမ၏လက်ကိုင်ပဝါကို ခါထုတ်လိုက်သည်။ "အိုး..သခင်မစန်းပါလား၊ အစ်မ အဝေးမှာ ရပ်နေနော်၊ မဟုတ်ရင် အစ်မကိုယ်တိုင် ရေထဲကျသွားတဲ့အခါ အစ်မကို ထပ်တွန်းခဲ့မလို့ အစ်မ ညီမကို အပြစ်တင်နေဦးမယ်"

ဂျီမိန် သည် ဤဒေါသအဆင့်ကို လုံးဝအလေးအနက်မထားပေ။ "သခင်မချင်း၊ လက်ကိုင်ပဝါတွေ ပန်းထိုးလို့ ပြီးပြီလား?"

ထိုအကြောင်းကိုပြောသောအခါ မုရူချင်း ရူးသွပ်သွားကာ သူမ၏မျက်နှာသည် အရောင်ပြောင်းသွားသည်။ ၎င်းသည် မူလက မြန့်စန်းယု၏အလုပ်ဖြစ်ခဲ့သော်လည်း အားလုံးကို သူမလုပ်ရန် ပေးအပ်ခဲ့သည်။ အိမ်တော်သခင်မက သူမအတွက် ကောင်းသောစကားအနည်းငယ်ပြောပေးမည်ဟု သူမ မယုံပါ။ မြို့စား က သူမကိုယ်သူမ ချုပ်တည်းနေ၍ သူမ၏အမှားများကို ဆက်လက်စဉ်းစားဆင်ခြင်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဤသည်မှာ ဤအဆိပ်ပြင်းသောမိန်းမကို အဲလိုဆက်ဆံသင့်တာ မဟုတ်ဘူးလား?

"အစ်မရဲ့ ကိုယ်ရေးကိုယ်တာအစေခံမိန်းကလေးမုရွှီ ကို လက်ကိုင်ပုဝါအသစ် ပေးမယ်လို့ စိတ်ကူးထားတယ်။ သူမရဲ့ လက်ရှိလက်ကိုင်ပဝါ က နည်းနည်းညစ်ပတ်နေတော့လေ၊ သခင်မချင်း ကို မြန်မြန်ပန်းထိုးပေးဖို့ အစ်မ တောင်းဆိုရမှာပဲ" ဂျီမိန် က ပေါ့ပေါ့ပါးပါး ပြုံး၍ မုရူချင်းကို လှိုက်လှိုက်လှဲလှဲ ဂါဝရပြုခဲ့သည်။ ထို့နောက် သူမ သည် မုရှီနဲ့အတူ ရှေ့သို့ ဆက်လက်လျှောက်သွားခဲ့သည်။

မုရူချင်းရဲ့အမူအရာ သည် အလွန်ရုပ်ဆိုးနေခဲ့သည်။ သူမ သည် ထွက်သွားသော မြန့်စန်းယု၏ပုံရိပ်ကို လှည့်ကြည့်ရင်း ဒေါသတကြီး အော်ပြောလိုက်သည်။ "နင် ကြာကြာ ဂုဏ်ယူနေရမှာမဟုတ်ဘူး!"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now