Chapter: 053 - လိုချင်သည် ဖြစ် မလိုချင်သည်ဖြစ်စေ ကမ္ဘာကြီးက ပြောင်းလဲနေတယ်-၂

314 35 2
                                    



Chapter: 053 – လိုချင်သည် ဖြစ် မလိုချင်သည်ဖြစ်စေ ကမ္ဘာကြီးက ပြောင်းလဲနေတယ်-၂

နင်းယုရွမ် သည် စားနေစဉ် စားပွဲဝန်းကျင်ကို မကြည့်လိုသော်လည်း ဤအစားအစာ စားသောက်နေစဉ်အတွင် သူ၏ခေါင်းကို ၂ ကြိမ်မော့ခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင် မြန့်စန်းယု သည် နင်းမင်ကျဲကို ချစ်အရူးကဲ့သို့ စိုက်ကြည့်နေခဲ့သည်ကို သွားမြင်သည်။

သူ အနည်းငယ်မျက်ခုံးပင့်လိုက်သည်။ အခြေအနေမှာ ရယ်စရာကောင်းတာကို ရှာတွေ့ခဲ့ပြီး သူ နင်းမင်ကျဲရဲ့ခြေထောက်ကို ကန်လိုက်သည်။

"ဟမ်?" နင်မင်ကျဲ က သူ့ကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

"ယင်ကောင်တွေ မင်းအနားမပျံစေနဲ့ ဂရုစိုက်" မြို့စားမိုယု က တီးတိုးပြောလိုက်သည်။

ဤရာသီ သည် ဆောင်းတွင်းအလယ် ဖြစ်သည်။ ဘယ်လိုလုပ် ယင်ကောင် ရှိနိုင်မှာလဲ? နင်းမင်ကျဲ သည် သူ၏စကားများမှာ အလွန်ထူးဆန်းသည်ဟုခံစားခဲ့ရသည်။ သူ ဖြတ်သွားဖြတ်လာနှင့် ဘေးပတ်လည်ကို ခေါင်းမော့ကြည့်သည်။ သူ သည် မြန့်စန်းယု က ဝမ်ဝမ်ရဲ့ပန်းကန်လုံးထဲသို့ ခေါင်းအနည်းငယ်ငုံ့ကာ အစားအသောက်များထည့်ပေးနေသည်ကို တွေ့လိုက်သည်။ သူမ၏လည်တိုင် က ပေါ်နေပြီး လေတိုက်လာသောအခါလိပ်တစ်ကောင်ကဲ့သို့ကျုံ့သွားသည်။

သူ သူမကို နောက်ဆုံးတခေါက် မြင်ကတည်းက သူမ က တိတ်ဆိတ်ငြိမ်သက်သူဖြစ်လာခဲ့သည်။ နင်းမင်ကျဲ သည် မြို့စားမိုယု၏ကြီးကျယ်သော မင်္ဂလာပွဲအတွက် မြို့တော်ကို အရင်က ရောက်လာခဲ့ဖူးပေမဲ့ မြန့်စန်းယု က စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတာကို တွေ့မြင်ခဲ့သည်။ ထိုအချိန်တွင်း သူမနှင့်အားရုံတို့ သည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် အချို့သောမသိသောအကြောင်းပြချက်များအတွက် သူတို့သည် နောက်ပိုင်းတွင် မိတ်ဆွေကောင်းဖြစ်လာခဲ့သည်။

သူ သည် သူမအပေါ် သဘောမကျပါ။ မင်္ဂလာပွဲအတွင်း ပင်မခန်းမတွင် သူမ၏ ခေါင်းကို မင်္ဂလာဆောင်ပုဝါ ဖုံးအုပ်ကာ မတ်တပ်ရပ်နေခဲ့စဉ် မင်္ဂလာပွဲသို့ တက်ရောက်လာသော ကိုယ်လုပ်တော်များနှင့်အိပ်ရာဖော်အစေခံများရှေ့ ၌ သူမ က "ယုရွမ် ကို ကျွန်မလောက် ဘယ်သူကမှ ကြိုက်တဲ့လူ မရှိဘူး။!" ဟု အော်ပြောခဲ့သည်ကို သူ မှတ်မိသေးသည်။ သူမ သည် အတင်းအဖျင်းကို မကြောက်ပဲ လွတ်လွတ်လပ်လပ်ရှိခဲ့သည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now