Chapter: 036 – မင်း အောင်မြင်တာနဲ့ ဇနီးအသစ် မင်းနဲ့အတူ အခက်ခဲတွေမှာအတူရှိခဲ့တဲ့ ဇနီးဟောင်းကို မစွန့်ပစ်ပါနဲ့-၂ဂျီမိန် သည် ဝမ်ဝမ်၏အကြည့်ကို သတိပြုမိသော်လည်း လှည့်မကြည့်ခဲ့ပေ။ သူမသည် ပေါ့ပေါ့ပါးပါး ပြုံးရုံသာပြုံး၍ ဆက်ထိုင်နေခဲ့သည်။ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သည့် သူမ သည် သခင်မကြီးကြောင့် စားပွဲမှာ ထိုင်ခွင့်ရတာ ဖြစ်သည်။ သူမသည် သူတို့၏စကားဝိုင်းကို နှောင့်ယှက်ပါက ဘောင်ကျော်သွားလိမ့်မည်။
ထိုလင်မယား သည် သခင်မကြီး ပျော်ရွှင်စေဖို့ စားသောက်နေချိန်တွင် ချော့မော့ပြောဆိုခဲ့ကြသောကြောင့် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ သခင်မကြီး သည် ဝမ်ဝမ့်ကို ခက်ခဲသောအနေအထားတွင် မရှိအောင် ဘာမှမပြောပါ။
မထင်မှတ်ထားသည်မှာ မြို့စားမိုယု က သူတို့၏ထိုင်ခုံမှ ရပ်၍ တိတ်တဆိတ် ပြောလာခဲ့သည်။ "စန်းယု က ပိုပြီး ဥာဏ်ကောင်းလာပြီ"
ဂျီမိန် က သူ့ကို ပြုံးပြီး အရိုအသေပေးသည်။ "အရှင့်ရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"
သခင်မကြီး၏အကြည့်သည် ဤလူ ၃ ယောက်ဆီသို့ ဖြတ်သွားခဲ့ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ "မနက်ဖြန် အမေ ကြင်ယာတော်မြန့်ကို တွေ့ဖို့ နန်းတော်ကို သွားမယ်၊ အစက အထက်တန်းလွှာကြင်ယာတော်မြန့်က သူ့တူမကို အရမ်းချစ်တဲ့အတွက် စန်းယုကို ခေါ်သွားသင့်တယ်လို့ အမေ ထင်ခဲ့တာ၊ ဒါပေမဲ့ သူမရဲ့လက်ရှိအခြေအနေက..ရွမ်အာ ဒီကိစ္စကို မင်း ဘယ်လိုမြင်လဲ?"
ပဏာမဇနီးနှင့်ဒုတိယဇနီး သည်သာ နန်းတော်ထဲသို့ ဝင်ရောက်နိုင်သော အရည်အချင်းများ ရှိသည်။ မြန့်စန်းယု သည် လက်ရှိတွင် ကိုယ်လုပ်တော်ဖြစ်နေသောကြောင့် သူမ၏အဆင့်အတန်းသည် အစေခံမိန်းကလေးထက် နည်းနည်းသာလွန်သည်။ ထို့ကြောင့် သူမ သည် နန်းတွင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် သခင်မကြီး က စန်းယုရဲ့အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မလားလို့ မေးသည့်ရည်ရွယ်ချက်နဲ့ ဒီစကားကို ပြောလိုက်ခြင်း ပင် ဖြစ်သည်။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance