Chapter: 028 - ဘုန်းကြီးသော ကာလနာနတ်ဘုရား ဤအရပ်၌ ရှိတော်မူ၏။(၁)

299 29 0
                                    



Chapter: 028 – ဘုန်းကြီးသော ကာလနာနတ်ဘုရား ဤအရပ်၌ ရှိတော်မူ၏။(၁)

နင်းယုရွမ်၏လက် သည် ခဏမျှရပ်တန့်သွားပြီး သူမကို မကြည့်ခင် သူ့မျက်လုံးထောင့်များက နည်းနည်းတက်သွားကာ သူမကို ပြုံး၍ ပြောလိုက်သည်။ "အနည်းဆုံးတော့၊ မင်း က ကိုယ်နဲ့ ၆ နှစ်လောက် အတူရှိခဲ့တယ်။ ကိုယ် မင်းကို ဆေးတိုက်တာ သဘာဝပါပဲ"

ဂျီမိန် က တွေးနေရင်း ခေါင်းညိတ်ပြလိုက်သည်။ 'အာ..မြန့်စန်းယု က ရှင်နဲ့အတူ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ရှိခဲ့တာ ရှင် သိသားနဲ့၊ ရှင် သူမကို အပြစ်ပေးတုန်းက လွန်ခဲ့တဲ့ ၆ နှစ်ကို ဘာလို့ မမှတ်မိတာလဲ? သူမမှာ ပြင်းပြတဲ့ စိတ်ဆန္ဒမရှိရင်၊ သူမဟာ ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်သလို အဲဒီရိုက်နှက်မှုအတွင်းမှာ သူမရဲ့ နောက်ဆုံးထွက်သက်ရောက်ပြီး ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။'

ဒါပေမယ့် အခုအချိန်မှာ အဲဒီ၆နှစ်တာ သည် လက်ရှိပြဿနာနဲ့ ဘာမှ မဆိုင်ပါ။ ပြဿနာမှာ ဆေးဖက်ဝင်အပင်၏ အရသာကို သူမ မုန်းတီးခြင်း ဖြစ်သည်။ ဤခါးသီးသောအရည် ကို သောက်ခြင်းသည် သူမ၏ အသက်ကို ရိုးရှင်းစွာ တောင်းဆိုခြင်းပင်။

မြို့စားမိုယု သည် ထိုဆေးတစ်ဇွန်းကို သူမ၏နှုတ်ခမ်းဆီသို့ ယူဆောင်လာပြီးနောက် ဂျီမိန် သည် နောက်ဆုံးတွင် အသက်ပြင်းပြင်းရှူပြီး တစ်ကျိုက်တည်းမျိုချကာ အချိန်အတော်ကြာအောင် တုံ့ဆိုင်းသွားခဲ့သည်။

နင်းယုရွမ် သည် သူမရဲ့မျက်နှာရူံ့တွနေသည်ကို မြင်လိုက်သောအခါ ရယ်ချင်လာသည်။ သူ ဆေးမွှေနေစဉ်တွင် မေးလာသည်။ "မင်း ဘာလို့ အခါးကို ကြောက်နေတာလဲ?"

ဂျီမိန် သည် သူ့ကို မျက်စောင်းထိုးလိုက်သည်။ အခါးကို မကြောက်တဲ့လူ ဘယ်သူရှိလဲ? အခါးကို ကြက်စွပ်ပြုတ်လို အေးအေးဆေးဆေး သောက်နိုင်သူတိုင်းက လူသားမဟုတ်ဘူး၊ ဟုတ်ပြီလား?

ဂျီမိန် ဟာ ဆေးပန်းကန်လုံးကြီးကို ခက်ခက်ခဲခဲ ပြီးသွားတဲ့နောက်မှာတော့ မုရွှီ က သကြားလုံးတစ်ခြမ်းကို ယူလာပေးခဲ့တယ်။ ပါးစပ်ထဲမှ ဆေး၏ခါးသောအရသာသည် ပျောက်အောင် သူမသကြားလုံးအား အချိန်အတော်ကြာ စုပ်သည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now