Chapter: 027 – စန်းယုအတွက် သိပ်မနောက်ကျသေးဘူး။-၂နင်းယုရွမ် က မုရူချင်းကို ခဏလောက်ကြည့်ပြီး အိပ်ရာပေါ်က မျက်လုံးမှိတ်ထားသောလူကို ကြည့်လိုက်တယ်။ "ကိစ္စမရှိဘူး၊ မင်းရဲ့ခြံဝင်းဆီ ပြန်တော့၊ သူမ မပြီးသေးတဲ့ လက်ကိုင်ပဝါတွေကို ပြီးအောင် လုပ်လိုက်၊ ပြီးရင် ဒီကိစ္စကို ပြေလည်ပြီလို့ စဉ်းစားပေးမယ်"
"အရှင်!" မုရူချင်း က အဆုံးသတ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့သည်။
"မပြောနဲ့တော့" မြို့စားမိုယု က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
သူ သည် မြန့်စန်းယုအပေါ် ဘက်လိုက်မှုကို ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။ သူမကို တိုက်ရိုက်အပြစ်မတင်ခင်မှာပင် သူသည် မေးခွန်းတောင် မထုတ်ခဲ့ပါ။ မုရူချင်း သည် ဒေါသကြောင့် ငိုချင်သော်လည်း အရူပ်မလုပ်ရဲပါ။ သူမ ဒေါသကို မျိုချပြီး အခန်းထဲက ထွက်သွားသည်။ ဖေးယုခြံဝင်းသို့ ပြန်ရောက်သည်နှင့် သူမ ငိုကြွေးမည့်ပွဲတစ်ခု ပြုလုပ်လိမ့်မည်။ သူမ နှလုံးသားထဲတွင်ပင် မြန့်စန်းယုကို ပို၍ပင် မုန်းတီးလာခဲ့သည်။
ဂျီမိန် သည် သမားတော်၏စကားကို ကြားလိုက်သည်နှင့် ငြိမ်သက်သွားသည်။ သူ့ကို အိပ်ရာထဲမှ အလုပ်အကျွေး မပြုရသရွေ့ အဆင်ပြေသည်။ ထို့အပြင် သူမအတွက် လက်ကိုင်ပဝါများကို အပြီးသတ် ပန်းထိုးပေးမည့်သူလည်း ရှိပေလိမ့်မည်။ ရေကန်ထဲကို ခုန်ဆင်းရတာ တန်တယ်။
မုရွှီ သည် ဆေးကြိုဖို့ ထွက်သွားခဲ့ပြီး မြို့စားမိုယု သည် သူမအနား ထိုင်ချင်ပုံမပေါ်ပါ။ သူ ဂျီမိန်ကို တိတ်တဆိတ် ကြည့်နေသည်။ သူမ၏လှုပ်ရှားနေသော မျက်လုံးများ နှင့် မျက်တောင်မွှေးများက သူမ ငြိမ်သက်စွာ အနားယူနေတာ မဟုတ်ဟု ပြသနေသည်။
သူမ နိုးနေမှန်း သိလိုက်သဖြင့် နင်းယုရွမ် က တိတ်တဆိတ် ပြောလိုက်သည်။ "ချင်းအာက မစဉ်းစားတက်လို့ပါ၊ မင်း သူမနဲ့ရန်ဖြစ်ဖို့ မလိုဘူး။ မကြာသေးခင် က မင်း နစ်နာမှုတွေ အများကြီး ခံစားခဲ့ရတယ်ဆိုတာ ကိုယ် သိတယ်။ ဒါပေမဲ့ မင်း နားလည်သင့်တယ်။ မင်းရဲ့အဆင့်အတန်းနဲ့မလျော်ညီတဲ့အရာတွေလုပ်တဲ့အခါ မင်းအပြစ်ပေးခံရတာ သဘာဝကျတယ်"
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance