Chapter: 038 - သားတစ်ယောက် ရှိဖို့ အချိန်ပဲ(1)

294 38 0
                                    



Chapter: 038 – သားတစ်ယောက် ရှိဖို့ အချိန်ပဲ(1)

ဝမ်ဝမ် သည် သခင်မကြီး နှစ်သက်သော ဟင်းလျာများအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်၍ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ဤမနှစ်မြို့ဖွယ်ဇာတ်လမ်းကြောင့် သခင်မကြီး သည် ဤထမင်းဝိုင်းတွင် တစ်ကြိမ်ပင် မပြုံးခဲ့ပေ။

ဝမ်ဝမ် စိတ်မကောင်းဖြစ်သွားတယ်။ ရှန့်ဝေခြံဝင်းသို့ အပြန်လမ်းတွင် သူမ လှည့်ကြည့်ကာ နင်းယုရွမ်၏ရင်ခွင်ထဲဝင်၍ ငိုလေသည်။ "ယုရွမ်..."

သူမ အတွက် စိတ်ဆင်းရဲနေသည့်အတွက် မြို့စားမိုယု က သူမကို ပွေ့ဖက်ကာ နှစ်သိမ့်ရင်း ပြောလာသည်။ "အင်း..အဆင်ပြေပါတယ်၊ ကိုယ် မင်းဘက်မှာ ရှိတယ်။ အမေဒေါသထွက်သွားလို့ပါကွာ၊ မင်း သူမကို သဘောမကျရင် ပင်မခြံဝင်းဆီ သွားတာ လျော့ပေါ့"

ဝမ်ဝမ် က နှုတ်ခမ်းစူပြီး မကျေမနပ်တဲ့လေသံနဲ့ ပြောလိုက်သည်။ "ဒါပေမဲ့ သူမ က ရှင့်အမေလေ၊ သူမ သဘောကျတာကို လိုချင်တာပေါ့"

"ဒါဆိုလည်း ဖြေးဖြေးချင်း သွားကြတာပေါ့" မြို့စားမိုယု သည် သူမရဲ့ပခုံးကို ပုတ်လိုက်သည်။ "အချိန်ကြာလာရင် အမေက မင်းရဲ့ကောင်းတဲ့အချက်တွေ သဘာဝကျကျ မြင်လာလိမ့်မယ်"

ဝမ်ဝမ် က ခေါင်းညိတ်သည်။ သူမ သည် နင်းယုရွမ်၏ရင်ဘတ်ကို မှီရင်း မျက်လွှာချထားသည်။

သခင်မကြီး ပြန်လာပြီးနောက်တွင် မြန့်စန်းယုအပေါ် ပြုမူဆက်ဆံပုံသည် ဘက်ပေါင်းစုံမှ သိသိသာသာ တိုးတက်လာသည်။ သူမသည် ပိုမိုကြီးမားသော ခြံဝင်းတစ်ခုသို့ ပြောင်းရွှေ့သွားရုံသာမက မီးဖိုချောင်အစေခံများကလည်း အရည်အသွေးကောင်းမွန်သော အစားအစာများကို ပို့ဆောင်ပေးခဲ့သည်။

အဒေါ်ကျောင်းလည်း ခိုစွပ်ပြုတ်ကို ကိုယ်တိုင်ချက်ပြီး လက်ကျန် ငွေတုံး ၃၀ ကို ယူ၍ ဖေးဝမ်ခြံဝင်းဆီသို့ ဒီနေ့ သွားခဲ့သည်။

"ဒီအစေခံ က ပိုတဲ့ငွေကို ပြန်ပေးဖို့ ရောက်လာတာပါ၊ ဒီအစေခံ က သခင်မစန်းလိုချင်တဲ့ပစ္စည်းတွေကို ဝယ်ခဲ့ပြီး ဒါက ပိုငွေပါ" သူမ၏လေသံသည် ချော့မော့ပြီး သခင်ကို အနိုင်ကျင့်ခဲ့သော အစေခံတစ်ဦး၏ရဲရင့်မှုတို့ မရှိတော့ပေ။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now