Chapter: 069- နှင်းတွေကျတဲ့ညမှာ တပ်မက်သောဆန္ဒတွေ ရောထွေးနေတယ်။-၂

216 28 0
                                    



Chapter: 069– နှင်းတွေကျတဲ့ညမှာ တပ်မက်သောဆန္ဒတွေ ရောထွေးနေတယ်။-၂

မြို့စားမိုယု သည် မုရွှီ က အခန်းဝတွင် ရပ်၍ ရေနွေးယူလာသည်ဟု မပြောခင်အထိ အခန်းထဲတွင် တိတ်တဆိတ်ရပ်နေခဲ့သည်။ သူ က လှည့်၍ အသံဆိုးဆိုးနဲ့တိုးတိုးလေးပြောလိုက်သည်။ "ဝင်ခဲ့"

သူ့ရဲ့ ချုပ်တည်းမှုက အမြဲတမ်း အရမ်းကောင်းတယ်။ ဒီနေ့ သူဘာကြောင့် ထိန်းချုပ်မှုက လွတ်သွားခဲ့တာလဲ? မြန့်စန်းယု ကြောင့် မဟုတ်တာ သေချာတယ်၊ သူ့မှာ ရွေးချယ်စရာတွေ ရှိသည့်အတွက် တခြားရွေးချယ်စရာကို မရွေးချယ်ခဲ့ပါ။ ဒါပေမယ့် သူဆေးခတ်ခံရသည်ကို သိလိုက်ချိန်မှာတော့ သူ သည်းမခံနိုင်တော့ပဲ သူမနဲ့အတူနေဖို့ ဆန္ဒရှိနေခဲ့တယ်။

သူ့ခံစားချက်တွေ ဘယ်အချိန်က ပြောင်းသွားလဲ မသိ။ အရင်ကလို မြန့်စန်းယုကို မမုန်းတော့။ သူမ က အလွန်ကောင်းမွန်ပြီး သူကသာ သူမအပေါ် အမှားလုပ်ခဲ့သူဟု ရံဖန်ရံခါပင် ခံစားရသည်။

ဂျီမိန် သည် နင်းအားရုံကို ရှာဖို့ တောင်ဘက်ခြံဝင်းသို့ ပြေးသွားခဲ့သည်။ အချိန်သိပ်မနောက်ကျသေးသောကြောင့် အားရုံ အိပ်မပျော်လောက်သေးပါ။ သူမ သည် နင်းယုရွမ်ကို မောင်းမထုတ်နိုင်ခဲ့သလို သခင်မကြီး၏နေရာသို့ လုံးဝမသွားနိုင်ခဲ့ပေ။ အမြန်စဉ်းစားပြီးသောအခါ သူမ၏တစ်ခုတည်းသောရွေးချယ်မှုမှာ နင်းအားရုံကို ရှာဖို့ ဖြစ်သည်။

နှင်းတွေကျလာတာကြောင့် ခြံဝင်းအပြင်ဘက်မှာ ရပ်လိုက်ရင်း ခန္ဓာကိုယ်ထဲက အပူတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ ဂျီမိန် သည် နောက်ဆုံးတွင် ငြိမ်သက်မသွားမီ အချိန်အတော်ကြာအောင် ထပ်ခါထပ်ခါ အနတ္တကျမ်းစာကို ရွတ်ဆိုနေခဲ့သည်။

ကံကောင်းထောက်မစွာ ဆေး သည် မပေါင်းစပ်မချင်း သေစေမည့်ဒဏ္ဍာရီဆေးမဟုတ်ခဲ့ပါ။ ၎င်းသည် ဟော်မုန်းများကို လှုံ့ဆော်ပေးရုံမျှသာဖြစ်ပြီး စိတ်ဆူလာစေသည်။ အချိန်ကုန်လာသည်နှင့်အမျှလက္ခဏာတွေက အလိုလို ပျောက်သွားတယ်။

နင်းအားရုံ သည် ပိုင်ရှီ က တစ်စုံတစ်ယောက်ရောက်လာသည်ဟု ကြေငြာသည်ကို ကြားသောအခါ မြို့စားကျင်းဝမ် နှင့် နင်းမင်ကျဲတို့နဲ့အတူ သူမရဲ့လက်ထပ်ပွဲအတွက် ဆွေးနွေးနေခဲ့တာဖြစ်သည်။ သူမ သည် မြန့်ချင်းယွမ်ကို နှစ်သက်သော်လည်း မြို့စားကျင်းဝမ် မှာ စိုးရိမ်စိတ်အချို့ရှိနေဆဲဖြစ်သည်။ စန်းယု ရောက်လာသည်ဟု လာပြောဖို့ ပိုင်ရှီ က အခန်းထဲသို့ ဝင်လာသောအခါ သူတို့သုံးယောက်သည် ဤကိစ္စကို မပြီးပြတ်သေးပေ။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now