Chapter: 071 - တစ်ခါတစ်ရံ နူးညံ့မှု-၂

228 35 0
                                    


Chapter: 071 – တစ်ခါတစ်ရံ နူးညံ့မှု-၂

ဂျီမိန် သည် နေ့ခင်းတွင် အိပ်ရာမှ နိုးသော်လည်း ထထိုင်ပြီးနောက်တွင် သူမ၏ခေါင်းကိုယမ်းလိုက်ကာ ထပ်လှဲလိုက်ပြန်သည်။

နင်းယုရွမ် သည် ထမင်းရည်ပန်းကန်ကို လက်တဖက်နဲ့ယူ၍ တခြားလက်တဖက်ဖြင့် သူမ ထထိုင်ဖို့ ကူညီပေးကာ သူ့ပခုံးပေါ် သူမ ရဲ့ခေါင်းကို မှီထားစေသည်။ သူက ခံစားချက်မဲ့လျက် မေးလိုက်သည်။ "ဘာလို့ ဒီလောက် နူးညံ့သိမ်မွေ့ရတာလဲ?"

ဂျီမိန် က သူနဲ့စကားပြောဖို့ သိပ်ပင်ပန်းနေခဲ့တယ်။ သူမရဲ့ ပါးစပ်ခြောက်နေတယ်။ ထမင်းရည်ကို မြင်သောအခါ သူမ ဗိုက်ဆာတယ်လို့ မခံစားရပါ။

သို့သော် နင်းယုရွမ် သည် ထမင်းရည်တစ်ဇွန်းကို ကောက်ယူလိုက်ပြီး သူမ၏ ပါးစပ်ထဲသို့ အတင်းအကြပ် ထည့်သည်။

"ဒီအစေခံ က မြို့စား ထမင်းရည်တိုက်တဲ့ဂုဏ်ကို မခံနိုင်ပါဘူး" ဂျီမိန် သည် သူ၏ လုပ်ရပ်ကြောင့် ဒေါသအလွန်ထွက်ကာ သူမ၏နားထင်ကြောများ တဆတ်ဆတ် တုန်လာသည်။ ဖျားနာနေသူကို ဘယ်သူက ဒီလောက်ရက်စက်စွာ ပြုမူလို့လဲ? သူမ အရင်ဘဝက သူ့အပေါ် တစ်ခုခုအကြွေးတင်ခဲ့လို့များလား?

"ဒါဆို မင်း အရမ်းကိုကျေးဇူးတင်သင့်တယ်" နင်းယုရွမ်ကာ ညင်ညင်သာသာ နှာမှုတ်သည်။ သူမ မူးဝေနေချိန် ထမင်းရည်တစ်ပန်းကန်ကို တိုက်ပြီးနောက် ပါးစပ်အရသာကောင်းမွန်စေရန် အစပ်မုန်လာဥခြောက်နှစ်တုံးကိုလည်း ကျွေးသည်။

ဂျီမိန် က စိတ်တိုနေပေမယ့် တုံ့ပြန်ဖို့ ခွန်အားမရှိခဲ့ပါ။ သူမ သူ့ကို နှစ်သက်သလိုသာ လုပ်ခွင့်ပေးခဲ့သည်။ သူမ၏မျက်လုံးများသည် ပင်ပန်းလွန်းသဖြင့် မဖွင့်ချင်တော့ပေ။ "ဒီအစေခံက အအေးမိလွယ်တယ်၊ အရှင် ထွက်သွားသင့်တယ်"

နားမလည်နိုင်သော အကြောင်းပြချက်တစ်ခုကြောင့် မြို့စားမိုယု သည် စိတ်အခြေအနေကောင်းနေပုံပင်။ သူ က သူမကို ရင်ခွင်ထဲဆွဲထည့်ကာ ပြောလာသည်။ "ကိုယ် က ဖျားနာလွယ်တဲ့လူတော့ မဟုတ်ဘူး။ မင်း စိတ်ပူစရာ မလိုဘူး။"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now