Chapter: 010- တရားခံကို ကိုယ်တိုင်ဖော်ထုတ်ခြင်း။

345 33 0
                                    



Chapter: 010– တရားခံကို ကိုယ်တိုင်ဖော်ထုတ်ခြင်း။

"မြို့စားမှာ တခြားအမိန့်ပေးစရာ များ ရှိပါသလား?" လျိုမော့မော့ လှည့်ကြည့်လိုက်သည်။

သူ ခေါင်းကိုက်နေသလို ခံစားရပြီး မေးလိုက်သည်။ "မင်း မီးဖိုချောင်နားမှာ နေတာမလား? မနေ့က မီးဖိုချောင် မီးလောင်တာကို သိလား? ဝမ်အာ က ဒီအိမ်တော်ရဲ့တာဝန်ခံ ဖြစ်လာတာ မကြာသေးဘူး၊ ဒီလိုတွေ ဖြစ်ပျက်ခဲ့တယ်၊ နောက်ပြီးတော့ တရားခံကို အခုထိ မဖမ်းမိသေးဘူး။ ဝမ်အာ က တရားခံကို မဖမ်းမိခင်အထိ ဘာမှမစားဘူးလို့ အလေးအနက်ပြောခဲ့တယ်"

လျိုမော့မော့ က ပြုံးသည်။ "သခင်မက အိမ်ထောင်စုကို ကောင်းကောင်းစီမံခန့်ခွဲချင်ခဲ့တာ ကောင်းတဲ့အရာပါ၊ ဒီအစေခံ က တခြားအစေခံတွေ 'မီး'လို့အော်သံကို ကြားပြီးနောက် နိုးလာခဲ့တာပါ၊ မနေ့ညက ထူးဆန်းတာ ဘာမှမရှိပါဘူး၊ ဒီအစေခံ သခင်မကို ဘယ်လိုကူညီရမလဲကို မသိပါဘူး"

နင်းယုရွမ် က သက်ပြင်းတစ်ချက်ချကာ အခန်းတွင်းကို တစ်ချက်ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ "ထွက်သွားပြီး တခြားအစေခံတွေကို သူတို့သိတာရှိမရှိ လိုက်မေးလိုက်ပါ"

"နားလည်ပါပြီ"

ဝမ်ဝမ် သည် အဝတ်အစားလဲပြီးနောက် မီးဖိုချောင် သို့ သွားချင်ခဲ့သည်။ သူမ စားပွဲပေါ် က မွှေးကြိုင်သော ဟင်းပွဲများကို မစားရသေးပါ။ နင်းယုရွမ် က လက်ဆန့်၍ သူမကို တားခဲ့သည်။ သူ က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။ "မင်း တကယ် မစားဘူးလား?"

"မစားဘူး!" ဝမ်ဝမ် နှုတ်ခမ်းစူလိုက်သည်။ "ကြက်ခိုးတဲ့သူကို ရှာရမယ်။ မဟုတ်ရင် မြို့စားရဲ့ ဇနီးဖြစ်တဲ့ကျွန်မရဲ့ ပထမဆုံးနေ့မှာ မျက်နှာပျက်လိမ့်မယ်"

ရယ်စရာကောင်းသော အခြေအနေကို ရှာတွေ့တော့ နင်းယုရွမ် က သူမရဲ့ခါးကို ဖက်ကာ သူမနှာခေါင်းကို ကုတ်လိုက်သည်။ "ဒါက အသေးအမွှားကိစ္စတစ်ခုပါ၊ အစားမစားနိုင်လောက်အောင် ပြင်းထန်လို့လား?"

"ဟမ့်! အရမ်းပြင်းထန်တာပေါ့၊ မီးဖိုချောင် က အရေးကြီးသောနေရာဖြစ်တယ်၊ သူခိုးဝင်နိုင်ခဲ့သလို မီးစတင်လောင်ခဲ့တာလေ၊ အကျယ်ချုပ်ခြံဝင်းက မီးဖိုချောင်နဲ့နီးတယ်၊ အကယ်၍ မီးကို မြန်မြန်ဆန်ဆန် သတိမထားမိခဲ့ပဲ အဲဒီခြံဝင်းထဲ ပျံသွားခဲ့ရင် ခြံဝင်းထဲက လူတွေ ဘာဖြစ်သွားမလဲ"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now