Chapter: 005 - ခေါင်းလောင်းသံကြားတဲ့အခါ ဒူးထောက်ရမယ်။

398 29 0
                                    



Chapter: 005 – ခေါင်းလောင်းတွေကနေ ဖြတ်လာတဲ့အခါ, ဒူးထောက်ရမယ်။

အခမ်းအနားမှူးက အခမ်းအနားကို စတင်ခဲ့တယ်။ မြို့စားမိုယု သည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူမကို တစ်ချက်သာ ကြည့်ခဲ့သည်။ အဆုံးတွင် သူ့အကြည့်တွေကို ခေါင်းကို ဖုံးအုပ်ထားသော သတို့သမီးဆီကို ရွေ့သွားပြီး သူ့မျက်လုံးတွေက နူးညံ့တဲ့နွေးထွေးမှုသောအကြည့်ဖြင့် ပြန်ပြောင်းသွားခဲ့သည်။

ဂျီမိန် သည် ဆက်ဆံပုံကွာခြားမှုနှင့်ပတ်သတ်၍ တိတ်ဆိတ်တွေးမိသည်။ မြန့်စန်းယု အရူးနှင့်တူခဲ့သည်ကို မအံ့ဩမိတော့။ ဟိုမှာ ရပ်နေသည့် သေးသွယ်သော အမျိုးသမီးကို ကြည့်လိုက်ဦး၊ သူမ သည် ထူးထူးခြားခြား ကြက်သွေးရောင် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသည်။ မင်္ဂလာပွဲအတွက် အချိန်မီ ဒီဝတ်စုံကို ပန်းထိုးဖို့ အမျိုးသမီးတော်တော်များများ မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် လုပ်ဆောင်ကြရပေလိမ့်မည်။

ဧကရီ သည် မြင့်မားသောနေရာတွင် ထိုင်၍ ကြင်စဦးဇနီးမောင်နှံကို လှမ်းကြည့်နေသည်။ သူမမျက်နှာက သိသိသာသာ သက်သာလာသည်။ ဒီအိမ်ထောင်ရေးကို သူမ အရမ်းကျေနပ်နေပုံပေါ်သည်။

သတို့သမီးဝမ်ဝမ် သည် သေးငယ်သော သာမန်မိသားစုတွင် မွေးဖွားခဲ့သည်။ ဝတ္ထုတွင် ဒုတိယဇာတ်လိုက်မင်းသမီးအကြောင်းကို မိတ်ဆက်ခြင်း မပြုခင် ဝမ်ဝမ် သည် မြို့စားမိုယုနှင့်အတူ ဆင်းရဲဒုက္ခများကို တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ အခုနောက်ပိုင်း သည် အနောက်အဆောင်(အနောက်ခြံဝင်း)မှာ အမျိုးသမီးတွေကြား ပဋိပက္ခဖြစ်မယ့် ဇာတ်လမ်းရဲ့ အပိုင်းကို ရောက်ရှိနေတာ ဖြစ်သည်။ ဝတ္တူ၏ရည်မှန်းထားသော ရူထောင့်မှ ကြည့်လျှင် ယခု သူမ သည် ဇာတ်လိုက်မင်းသားနှင့် ဇာတ်လိုက်မင်းသမီးကြားက ဆက်ဆံရေးကို ပိုတိုးလာအောင် လုပ်ပေးမဲ့ ဒုတိယဇာတ်လိုက်မင်းသမီး ဖြစ်လာခဲ့သည်။ ထို့ကြောင့် အခုအချိန်ကစလို့ သူမ သည် ဝတ္တူရဲ့အတက်အကျထဲတွင် ဇာတ်ပို့နေရာမှ ပါဝင်ကစားရပေလိမ့်မည်။

မိမိကိုယ်ကို မှန်ကန်သော အနေအထားကို ဆုံးဖြတ်ပြီးနောက် ဂျီမိန် တွင် ဘာမှ စိုးရိမ်စရာ မရှိပါ။ မြန့်စန်းယု က တခြားသူများကို ထိခိုက်အောင်လုပ်ခဲ့သောကြောင့် နောက်ဆုံးတွင် မိမိကိုယ်ကို သတ်သေရန် အမိန့်ထုတ်ခံခဲ့ရသည်။ သူမ သည် ဇာတ်ကြောင်းအတိုင်း အကောက်ကြံဖို့ လုပ်မည့်စိတ်ကူး မရှိသောကြောင့် သူမရဲ့ဘဝကို ထိန်းသိမ်းထားနိုင်သင့်သည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now