Chapter: 049 - တစ်ထောင့်တည-၂

264 31 0
                                    



Chapter: 049 – တစ်ထောင့်တည-၂

"အခွန်ဝန်ကြီးဌာနက ပြန်လာပြီးနောက် ကိုယ် မင်းကိုတွေ့ဖို့ ဒီကိုလာခဲ့တာ"နင်းယုရွမ်က ဒီစကားတွေကို သဘာဝကျကျနဲ့ ပြောပြီး သူမအနားကို ခြေ၂လှမ်းလှမ်း၍ ကပ်လာကာ ခေါင်းငုံ့၍ သူမနားထင်နားသို့ နှာခေါင်းတရူတ်ရူတ်နဲ့ ပြောလာသည်။ "ဒါဆို ဒီအနံ့က ပန်းတွေဆီကပေါ့? အနံ့က တော်တော်ကောင်းတယ်။"

ဂျီမိန်၏ နားရွက်များ နီရဲလာသည်။ သူမက နောက်သို့အလျင်အမြန်ခုန်ထွက်၍ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ "အရှင်၊ ဒီအစေခံ ရေမချိုးရသေးပါဘူး၊ ချွေးတွေရွဲနေပါတယ်"

ဤသေစေသည့်စကားများကို ပြောပြီးသည့်နောက် နင်းယုရွမ်၏မျက်နှာပေါ်ရှိ အပြုံးသည် မှိန်သွားခဲ့သည်။ "ဒီလိုရာသီဥတုမျိုးမှာတောင် မင်း က ချွေးထွက်များတယ်လား?"

"ဒီအစေခံ ဒီကို ပြေးလာခဲ့လို့ပါ၊ သခင်မကြီး က မြို့စားကျင်းဝမ်တို့ မကြာခင် လာရောက်လည်ပတ်တော့မှာ ဖြစ်လို့ သူတို့နေထိုင်မဲ့ခြံဝင်းကို သပ်သပ်ရပ်ရပ်ဖြစ်စေချင်လို့ ပြောခဲ့တယ်"

နင်းယုရွမ် က မပြောခင် တခဏရပ်သွားသည်။ "အဲလိုလား၊ သူတို့ ရောက်လာရင် အိမ်တော်လည်း ပိုအသက်ဝင်လာလိမ့်မယ်၊ မင်း အားရုံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်မဟုတ်ဘူးလား? မင်း ပျော်နေမှာပဲ"

အားရုံ သည် မြို့စားကျင်းဝမ်၏သမီး ဖြစ်သည်။ မြန့်စန်းယုကဲ့သို့ သူမ သည် မာနကြီးလာသည်အထိ အလိုလိုက်ခံခဲ့ရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်တယ်ဆိုတာ မထူးဆန်းပါ။ သို့သော်လည်း မြို့စားကျင်းဝမ် သည် ၎င်း၏အိမ်တော်ကို မြို့တော်အပြင်ဘက်သို့ ပြောင်းရွှေ့ပြီးနောက် မြန့်စန်းယုအတွက် နင်းအားရုံ နှင့်ပတ်သက်သော သတင်းများကို ကြားသိရန် ရှားပါးလှသည်။

မူရင်းဝတ္ထုတွင် နင်းအားရုံ အကြောင်း သိပ်မရေးထားပါ။ ပြောရရင် သူမ ဟာ အသေးအဖွဲ ဇာတ်ကောင်တွေထဲက တစ်ယောက်သာ ဖြစ်တယ်။ နင်းအားရုံ ကို သတိရမိသည်မှာ သူမ သည် မြန့်စန်းယု က ဇာတ်လိုက်မင်းသမီးကို ထိခိုက်အောင် တကြိမ်ကူညီပေးပြီးနောက် အိမ်ထောင်ကျသွားခဲ့လို့ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏အဆုံးသတ်သည် မကောင်းပေ။ သို့သော် မြန့်စန်းယုကို ကူညီရန် ဆန္ဒရှိသောလူတစ်ယောက်အနေဖြင့် သူမ သည် အမှန်တကယ်ပင် မြန့်စန်းယု၏ သူငယ်ချင်းကောင်းဖြစ်ခဲ့ပေမည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now