Chapter: 048 - တစ်ထောင့်တည (1)

275 30 0
                                    


Chapter: 048 – တစ်ထောင့်တည (1)

"အလီဘာဘာ က တောင်ပေါ်လမ်းကို ကမန်းကတန်း လိုက်ခဲ့ပေမဲ့ အဲဒီကို ရောက်တဲ့အခါမှာတော့ အလွန်အားကောင်းတဲ့ ဓားပြ၄၀ ကို တွေ့ခဲ့တယ်။ သူတို့အားလုံးက ပခုံးပေါ်မှာ လေးလံတဲ့အိတ်တွေကို ထမ်းထားတယ်။ ဖွဲ့ခေါင်းဆောင်က ဧရာမကျောက်တုံးကြီးတစ်ခုဆီသို့ လျှောက်သွားပြီး 'ဖွင့်လော့' ဟု အော်ပြောလိုက်တယ်။ နောက်တော့ ဝင်ပေါက်တစ်ခုပေါ်လာတယ်။ ဓားပြအုပ်စုဟာ ဝင်ပေါက်အထဲမှာ သူတို့ရတနာတွေကို ဝှက်ထားပြီးနောက် အဲလူက ထပ်အော်ပြန်တယ်။ 'ပိတ်လော့' ဆိုပြီးတော့ပေါ့၊ နောက်တော့ ရတနာတွေကို တောင်ထဲမှာ ပိတ်ထားခဲ့တယ်"

ဂျီမိန် သည် ဇာတ်လမ်းကို အဆောတလျင်ပြောနေစဉ်တွင် သူမသည် မြို့စားမိုယု၏အပြုအမူကို တိတ်တဆိတ် စစ်ဆေးခဲ့သည်။ သူမ က အချိန်အတော်ကြာ စကားတွေပြောနေပေမယ့် တကယ်တမ်းတော့ သူ အိပ်ငိုက်ဖို့ အရိပ်အမြွက်တောင် မရှိခဲ့ပါ။

သူက စူးစမ်းလိုစိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့မေးတယ်။ "အဲတော့?"

"နောက်တော့ အလီဘာဘာ က ဓားပြတွေ ထွက်သွားတာကို စောင့်ဆိုင်းတယ်၊ နောက်တော့ ဓားပြတွေရဲ့ လုပ်ရပ်ကို ကူးယူပြီး အဲဒီ့ဝင်ပေါက်ကို ပြေးသွားကာ "ဖွင့်လော့" လို့ အော်ကာ ပိုက်ဆံနဲ့ ရတနာပစ္စည်းတချို့နဲ့ အိမ်ပြန်လာခဲ့တယ်"

ဂျီမိန် သည် မျက်စောင်းထိုးလိုက်သည်။ တကယ်တော့ ဒီလူ က တကယ်ပဲ ကလေးပုံပြင်ကို စိတ်ဝင်စားနေခဲ့သည်။ ထို့အပြင်၊ သူသည် မကြာမီ အချိန်မရွေး အိပ်ပျော်သွားမည့်ပုံမပေါ်ပေ။

သူမ သည် ကူကယ်ရာမဲ့လျက် မိမိကိုယ်ကို တင်းတင်းကြပ်ကြပ် ထိန်းကာ နင်းယုရွမ် အား ပုံပြင်ကို ဖြည်းဖြည်းချင်း ပြောပြခဲ့သည်။

ဇာတ်လမ်းကို နားထောင်ပြီးနောက် မြို့စားမိုယု က ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။ "ဒါဆို အဓိပ္ပါယ်က လူကောင်းတွေက ဇာတ်သိမ်းကောင်းပြီး လူဆိုးတွေက ဆိုးတဲ့အဆုံးသတ်တွေ ရှိလိမ့်မယ်ပေါ့? အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now