Chapter: 032 –အချစ်ကြောင့် အရူးဖြစ်လာသော မြို့စား-၁ဝမ်ဝမ် က နင်းယုရွမ်ကို မသိသလိုဖြစ်နေခဲ့တာ ကြာပြီဖြစ်သည်။ သူတို့ လွန်ခဲ့သော ၆ လက တွေ့ဆုံခဲ့ကြသည်။ သို့သော် ဤ၆လတိုတိုလေးတွင် မြန့်စန်းယု၏၆နှစ်တာ ကို လုံးဝဖျက်သိမ်းပစ်ခဲ့သည်။ ဝမ်ဝမ် သည် သူမရဲ့အရာများဖြစ်သော ပဏာမဇနီးနေရာ၊ သူမရဲ့ရှန့်ဝေခြံဝင်း နှင့် နင်းယုရွမ်၏နှလုံးသားထဲတွင် ကျန်သောနေရာကို နေရာလွတ်ကို လုယူခဲ့သည်။
မြန့်စန်းယု၏ရာထူးကို ဖျက်သိမ်းဖို့ ဧကရာဇ်၏ရည်ရွယ်ချက်မှာ ဝမ်ဝမ် အား ပဏာမဇနီးသည် အဖြစ် ရာထူးတိုးမြှင့်ပေးဖို့ အစပြုခဲ့သော မြို့စားမိုယုကြောင့် ပင် ဖြစ်သည်။ အစကတည်းက အခုအချိန်ထိ ဒီကိစ္စကို သခင်မကြီးနင်း မသိသေးပါ။ သူတို့နှစ်ယောက် ဒီကိစ္စကို သခင်မကြီးနင်းကို အတူရှင်းပြမည်ဟု ဝမ်ဝမ် မူလက ထင်ခဲ့သည်။ သခင်မကြီးနင်း သည် သားဖြစ်သူရဲ့အကျိုးအတွက် သူမကို ဘာမှ လုပ်မည်မဟုတ်ပါ။
သို့သော် အခုအချိန်မှာတော့နန်းတော်ထဲမှာ ကိစ္စတစ်ခု ပေါ်လာပြီး သူမမှာ အားကိုးစရာ ဘယ်သူမှ မရှိပဲ ဒီမှာ ကျန်ခဲ့တယ်။ ပဏာမဇနီးသည်ပဲ ဝတ်နိုင်သည့် အနီရောင်ဝတ်စုံ ဝတ်ထားပြီး ဒီမှာထိုင်နေသည့် သူမ သည် သခင်မကြီးနင်း လာလျှင် ဘာပြောရမည်လဲ။
အတွေးများ ကမောက်ကမဖြစ်ကာ၊ ဝမ်ဝမ် သည် အခန်းတဝိုက်ကို ငေးကြည့်နေသည်။ ဒီအမျိုးသမီးတွေအားလုံးက သူမရဲ့ လက်ရှိအခြေအနေအဆင်မပြေဖြစ်နေသည်ကို သိပေမဲ့ မြို့စားရဲ့နှလုံးသားထဲမှာ သူမ ရှိနေသောကြောင့် သူမကို ဘယ်သူကမှ မကူညီကြပါ။ သူမ လဲကျနေချိန်၌ သူမကို ရိုက်နိုင်စေရန် ဆန္ဒပြင်းပြနေပေလိမ့်မည်။
သူမ ကူကယ်ရာမဲ့နေစဉ် အိမ်ထိန်းရှန့် က ဝင်လာ၍ တင်ပြသည်။ "အိမ်တော်သခင်၊ သခင်မကြီးနင်း မကြာခင် ရောက်ပါတော့မယ်"
"နားလည်ပြီ၊ အားလုံးပဲ သခင်မကြီးကို ကြိုဆိုဖို့ အပြင်သွားကြရအောင်။" သူမသည် အားတင်းပြုံး၍ မတ်တပ်ရပ်ကာ တန်ရှန်းလက်ကို ဆုပ်ကိုင်ထားသော်လည်း သူမ၏ လက်ဖဝါးများသည် ချွေးစေးများထွက်နေခဲ့သည်။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance