Chapter 007 - ကြက်တကောင်ခိုးသော ကိုယ်လုပ်တော်

352 33 0
                                    


Chapter 007 – ကြက်တကောင်ခိုးသော ကိုယ်လုပ်တော်

မင်္ဂလာပွဲ၊ ညပွဲ အခမ်းအနားအပြီးတွင် နင်းယုရွမ် သည် ဝမ်ဝမ်ရဲ့နှုတ်ခမ်းကို ညင်ညင်သာသာ နမ်းလိုက်သည်။ သူက ကို့ရို့ကားယားနဲ့ လေးလေးနက်နက် ပြောလိုက်သည်။ "မင်း က ကိုယ့်လူပဲ"

ဝမ်ဝမ်၏ပါးပြင်များ နီရဲလာသည်။ သူမသည် မပြောခင် သူ့ကို တခဏလောက် စိုက်ကြည့်နေခဲ့သည်။ "အရှင် က မြို့စားတစ်ယောက် ဖြစ်လို့ ကျွန်မ က အရှင့်ကို ဘာမှမလုပ်နိုင်ဘူးလို့ တွေးမနေနဲ့၊ အရှင် နောင်တချိန်မှာ တခြားလူကို ချစ်မိသွားရင် ကျွန်မ ထွက်သွားမှာ!"

မြို့စားမိုယု သည် ရယ်မောလိုက်သည်။ သူ သူမလက်ကိုဆွဲ၍ ရင်ဘတ်ပေါ်တင်လိုက်တယ်။ "ကိုယ့်မှာ မင်းပဲရှိတာပါ၊ တခြားလူကို ဘယ်လိုလုပ်ချစ်မိနိုင်မှာလဲ? ဒီအိမ်တော်ကြီးတစ်ခုလုံးမှာ မင်းဟာ ကိုယ့်နှလုံးသားထဲမှာ တစ်ယောက်တည်းပါပဲ၊ မင်း ယုံလား?"

ဝမ်ဝမ် က သူ့ကို သတိနဲ့တချက် ကြည့်လိုက်သည်။ ထို့နောက် သူမသည် သူ့ရင်ခွင်ထဲတွင် နာခံစွာ လှဲလျောင်းလိုက်သည်။ မြို့စားအိမ်တော်တွင် အမျိုးသမီးများစွာ ရှိခဲ့သည်။ မနက်ဖြန်က စလို့ သူမ ဟာ မြို့စား ရဲ့ ဇနီးဖြစ်ထိုက်တဲ့ လူတစ်ယောက်ဖြစ်လာရမယ်။ သူမ သည် မိသားစုနောက်ခံမကောင်းပေမဲ့ သူမ မကြောက်ပါ။ ယုရွမ်ရဲ့နှလုံးသား သည် သူမနှင့် သက်ဆိုင်နေသမျှတော့ အဆင်ပြေသွားလိမ့်မည်။

"အိပ်တော့" နင်းယုရွမ် က သူမ၏ နဖူးကို နမ်းလိုက်သည်။

ဝမ်ဝမ် က ခေါင်းညိတ်သည်။ မျက်လုံးမှိတ်ခါနီးတွင် အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်အသံကို ရုတ်ချည်းကြားလိုက်ရသည်။

"မီး!"

မြို့စားမိုယု သည် အံ့အားသင့်စွာ လှည့်၍ ထထိုင်လိုက်သည်။ သူ သည် အဝတ်အစားတွေဝတ်ပြီး တံခါးကိုဖွင့်လိုက်တယ်။ "ဘာဖြစ်တာလဲ?"

အိမ်ထိန်း က မီးဖိုချောင်ဘက်သို့ လှည့်၍ တိတ်တဆိတ် ပြောလိုက်သည်။ "မြို့စား ကို ပြန်ဖြေပါတယ်၊ မီးဖိုချောင် က မီးလောင်တာပါ၊ အစေခံအားလုံး မီးငြိမ်းဖို့ လုပ်နေကြပါတယ်၊ ဒါပေမဲ့ နေရာက ရှန့်ဝေခြံဝင်းနဲ့ဝေးပါတယ်၊ မြို့စား အေးအေးဆေးဆေး ဆက်အိပ်ပါ"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now