Chapter: 037-

276 31 0
                                    



Chapter: 037– မင်း အောင်မြင်တာနဲ့ ဇနီးအသစ် မင်းနဲ့အတူ အခက်ခဲတွေမှာအတူရှိခဲ့တဲ့ ဇနီးဟောင်းကို မစွန့်ပစ်ပါနဲ့-၂

ဒါပေမယ့် သူတို့လမ်းဆုံသို့ လျှောက်လာရုံရှိသေး သူမ သည် သူတို့ရှေ့က လမ်းသေးသေးလေးတွင် မြို့စားမိုယု ရပ်နေတာကို တွေ့လိုက်ရတယ်။

ခြေလှမ်းသံများကို ကြားသောအခါ သူ က လှည့်ကြည့်၍ မေးသည်။ "အမေ၊ လမ်းလျှောက်ဖို့ ထွက်လာတာလား?"

သခင်မကြီး သည် သားဖြစ်သူကို မြင်သောအခါ နည်းနည်းအံ့ဩသွားသည်။ "မင်း ဒီနေ့ အိမ်ရှေ့မင်းသားနဲ့အတူရှိရမဲ့အစား ဘာလို့ အိမ်မှာ ပျင်းနေတာလဲ?"

အိမ်ရှေ့မင်းသားရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ နင်းယုရွမ် သည် မကြာခဏဆိုသလို ရုံးအလုပ်များ ကိုင်တွယ်ဖို့ အပြင်ထွက်လေ့ရှိသည်။ ဒါမှမဟုတ် အိမ်ရှေ့မင်းသားနဲ့ အရက်သောက်၍ ကဗျာရေးတတ်တယ်။ အိမ်ရှေ့မင်းသားက ချုဖုန်းကို ဒီနေ့ သွားရောက်လည်ပတ်ချင်တယ်လို့လည်း အရင်က ပြောခဲ့ဖူးတယ်။ သို့သော် မြန့်စန်းယု ဖန်တီးသည့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နောက်ဆုံးမိနစ်တွင် အိမ်ရှေ့မင်းသား၏ဖိတ်ကြားချက်ကို ဖျက်သိမ်းခဲ့ရသည်။

"အိမ်ရှေ့မင်းသားက ဒီနေ့ အနားယူချင်တယ်လေ၊ ဒီသားက အမေနဲ့မတွေ့တာ နှစ်လလောက်ရှိပြီ ဒီနေ့ အမေ ပြန်လာတာဆိုတော့ အမေနဲ့အဖော်ပြုပေးချင်လို့"

ဂျီမိန် သည် သခင်မကြီး၏စိတ်သဘောထား ပိုကောင်းလာသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ထုံးစံအတိုင်း သားဖြစ်သူက မိခင်ကို လွမ်းနေတာထက် ပိုကောင်းတာ ဘာမှမရှိပါ။

"မင်း တွေးပေးတာနဲ့တင် လုံလောက်တယ်။ မင်း အမေတို့နဲ့အတူ ဖေးဝမ်ခြံဝင်းကို လိုက်ခဲ့၊ အမေ စန်းယုရဲ့ခြံဝင်းအသစ်ကို မတွေ့ဖူးသေးဘူး"

နင်းယုရွမ် ခေါင်းညိတ်လိုက်သည်။ သူ သည် ဂျီမိန်နှင့်သခင်မကြီး ကြားထဲသို့ လျှောက်လာပြီးနောက် သခင်မကြီးရဲ့လက်တဖက်ကို ကိုင်ကာ တခြားလက်တဖက်ဖြင့် ဂျီမိန်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ "ကောင်းပြီ၊ အမေတို့နဲ့ လိုက်ခဲ့မယ်"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now