Chapter: 057–အချိန်ကိုက် ကယ်တင်ရှင် ရောက်လာခြင်း-၂"အမေ"နင်းယုရွမ် က သူ့ဒေါသတစ်စိတ်တစ်ပိုင်းကို ပြန်ရုတ်လိုက်ပြီး ဂါဝရပြု၍ ပြောလိုက်သည်။ "ဒီသားက မနေ့ညက ချင်းအာ ရေကန်ထဲ ပြုတ်ကျသွားခဲ့တဲ့အမှုကို မေးခွန်းထုတ်နေတာပါ"
"ဒါဆို မင်းရဲ့မေးခွန်းက ဘာများလဲ?" သခင်မကြီး သည် သူ့ကို တင်းတင်းမာမာ ကြည့်၍ ပြောလိုက်သည်။ "မင်း စန်းယုကို အပြစ်ပေးမယ်ပဲ ငါ ကြားလိုက်တာ၊ စန်းယု မင်း ဒါကို လက်ခံလား?"
ဂျီမိန် သည် မူရင်းဝတ္တူ၏ရက်စက်ကြမ်းကြုတ်သော ယောက္ခမသည် အမှန်တကယ် ချစ်စဖွယ်ကောင်းလွန်းသည်ဟု ခံစားမိသည်။ သူမ ကျေးဇူးတင်လွန်းလို့ ငိုချင်လာသည်။ သူမ က သခင်မကြီး၏စကားကို အလျင်အမြန် အော်၍တုန့်ပြန်လိုက်သည်။ "လက်မခံဘူး!"
သူမ၏ဘဝသည် နောက်ဆုံးတွင် တိုးတက်ကောင်းမွန်လာခဲ့ပြီး သူမ၏ မူလအခြေအနေသို့ ပြန်တွန်းပို့ချင်နေတာလား? ဘယ်လိုမှ မဖြစ်နိုင်ဘူး!
သခင်မကြီး သည် သူမကို စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ နှင့် စိတ်မလှုပ်ရှားဖို့ တချက်ကြည့်လိုက်သည်။ ထို့နောက် သူမက ချက်ချင်းမေးလိုက်သည်။ "ရွမ်အာ၊ မင်း စောစောက ဘယ်လိုမေးခွန်းမေးလိုက်တာလဲ? အမေ့ကို ပြောပြပါ"
နင်းယုရွမ် သည် သူ့အမေက မြန့်စန်းယုကို ကာကွယ်ပေးမယ်ဆိုတာ သိတယ်။ သို့သော် အဖြစ်မှန်များကို မပြောင်းလဲနိုင်ပါ။ မြန့်စန်းယု သည် ပြစ်မှုကျူးလွန်ခဲ့သည်။ မည်သူမဆို အမှားအမှန်ကို ပြောင်းပြန်လှန်နိုင်သည်ဟု သူ မယုံကြည်ပါ။
ထို့ကြောင့် အစေခံမိန်းကလေးများကို စောစောက အပြုအမူများကို ပြန်လုပ်ခိုင်းပြီး လူတိုင်းကို မျက်လုံးမှိတ်ခိုင်းသည်။
သခင်မကြီး သည် မျက်လုံးမှိတ်ထားသော အစေခံ ၅ ဦး၏နောက်ကျော နှင့် မြို့စားမိုယုကို ကြည့်နေသည်။ သို့သော် ဤတစ်ကြိမ်တွင် အစေခံ ၅ ဦးသည် မည်သူ့ကိုမှ လက်ညိုးထိုးခြင်း မရှိပေ။
"ဒါဆို ဒါက ရွမ်အာ မေးခွန်းမေးတဲ့ နည်းလမ်းပေါ့" သခင်မကြီး သည် ပြုံးနေသော်လည်း သူမ၏မျက်လုံးများက နင်းယုရွမ် ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance