Chapter: 012 – အစာငတ်သေသောကုလားအုတ်သည် အသက်ရှင်သောမြင်းထက်ပင် ကြီးမားသေးသည်။သူမ၏သခင်က ထိုကဲ့သို့ပြောကတည်းက မုရွှီ ဆက်မမေးတော့။ သူမ သည် ငွေစက္ကူများကို ယူကာ နေ့လယ်စာစားချိန်တွင် မီးဖိုချောင်သို့သွားပြီး အရံဟင်းနှစ်ပွဲနှင့် ဟင်းချိုတစ်ထည်ကို ပြန်ယူလာသည်။
"အဒေါ်ကျောင်း ဘာပြောလိုက်လဲ?" ဂျီမိန်က သူမစားရင်း မေးသည်။
"သူမက ငွေတုံးတွေကို ယူပြီး သဘောတူတယ်" မုရွှီ က တိုးတိုးပြောတယ် "သူမရဲ့အမူအရာအရ သူမက ဆက်ဆံရလွယ်တဲ့လူတော့ မဟုတ်ဘူး။ အရှင်မ..."
"စိတ်မပူနဲ့၊ သူမ သဘောတူရင် လုံလောက်ပြီ"ဂျီမိန် သည် နေ့လယ်စာ ပြီးသောအခါတွင် သူမ၏ လက်ကိုင်ပဝါမျာကို ချလိုက်ပြီး သူမ၏ ဗီရိုထဲတွင် ကျန်ခဲ့သော အလှပဆုံး အဝတ်အစားကို ရှာဖွေရန် လှည့်ကြည့်လိုက်သည်။ "အဝတ်အစားလဲပေးပါဦး။"
အဝတ်အစားကို ပထမတန်းစားပစ္စည်းဖြင့် ပြုလုပ်ထားသည်။ စကတ်ရှည် သည် အပြာနုရောင်ဖြစ်ပြီး အဝါရောင်အင်္ကျီနှင့် တွဲဖက်ထားသည်။ ကြီးကျယ်ခမ်းနားပြီး မွန်မြတ်တဲ့ပုံပေါက်တယ်။ ၎င်းသည် မြို့စား၏ဇနီးဖြစ်ချိန်က နင်းဆန်ယု ဝတ်ဆင်ခဲ့သောအဝတ်အစားဖြစ်နိုင်သည်။ အပြင်ထွက်ရင် ထုံးစံအတိုင်း ဒီအဝတ်အစားကို ဝတ်ဖို့ အဆင်မပြေတော့ပါ။ ဒါပေမဲ့ အစေခံတွေရှေ့မှာ ပေါ်လာဖို့ ဒီအဝတ်အစား ကို ဆက်ပြီးသုံးရင် အဆင်ပြေပါလိမ့်မယ်။
မုရွှီ သည် သူမ၏ဆံပင်ပုံစံကို ကူညီပြီး ဆံပင်ထဲသို့ ရွှေရောင်ဆံညှပ်တစ်ခုကို ထည့်လိုက်သောအခါ မုရွှီရဲ့မျက်လုံးများ နည်းနည်းရဲတက်သွားသည်။
ဂျီမိန် က ကြေးဝါမှန်ထဲမှာ သူ့နောက်ကလူကို ကြည့်ပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး" မုရွှိ ရိူက်လိုက်သည်။ "ဒီအစေခံက အတိတ်ကအကြောင်းတွေကို တွေးနေတာပါ၊ သခင် က ဘာလို့ ဒီလိုဒဏ်ခတ်ရတာလဲ..."
ယခင်က မြန့်စန်းယု သည် သူမလိုချင်သမျှကို ရခဲ့သည်။ နေ့တိုင်း အသားများများစားရုံနဲ့ ဒီလောက်ကြိုးစားအားထုတ်ဖို့ ဘယ်တော့မှ မလိုအပ်ခဲ့ပါ။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance