Chapter: 047သူမရဲ့သားအနေနဲ့ သူ့ကို ဆက်ဆံရုံပါပဲ-၂ဒီကနေ့တွင်အမျိုးသမီးများသည် သခင်မကြီးကို ဂါရဝပြုပြီးသည့်နောက် အားလုံးထိုင်ပြီး စကားစမြည်ပြောကြသည်။ နင်းယုရွမ် လည်း ဒီအချိန်မှာ လိုက်လာပေမဲ့ ပင်ပန်းနေပုံပင်။ ဝမ်ဝမ် က နေမကောင်းလို့ လာမှမဟုတ်ဘူးဆိုတဲ့ စကားကိုလည်း သူ ယူလာခဲ့တယ်။
အမြင့်ဆုံးနေရာမှာထိုင်နေတဲ့ သခင်မကြီး က အေးစက်စက်နဲ့ဝေဖန်တယ်။ "ဒီရာသီဥတုမှာ သူမအတွက် နေမကောင်းဖြစ်ရတာ တကယ်ကို လွယ်ပုံရတယ်။ အစေခံတွေကို သေချာဂရုစိုက်ဖို့ မင်း အမိန့်ပေးလိုက်ဦး"
မြို့စားမိုယုတွင် ချေပဖို့ ပြောနိုင်တာ ဘာမှမရှိပါ။ သူ သဘောတူရုံသာ တက်နိုင်ခဲ့သည်။
အနီးနားတွင် မကြာသေးမီက လူကြိုက်များခဲ့သော ချီစစ်လင်း က ပြောလာသည်။ "ညီမချင်းအာရဲ့ဗိုက်တာ တကယ်ကြီးလာတာပဲ၊ တစ်လပဲရှိသေးတဲ့ ဗိုက်နဲ့မတူဘူး"
မုရူချင်း သည် ပုံမှန်အတိုင်း ရပ်နေမည့်အစား ချီစစ်လင်း၏အောက်က ကုလားထိုင်တွင် ထိုင်ရန် အထူးခွင့်ပြုချက် ရရှိထားသည်။ သူမနှင့် ကောင်းစွာ ပေါင်းသင်းတတ်သည့် လူတစ်ယောက်က သူမကို ပစ်ခတ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ မုရူချင်း သည် အနည်းငယ်တုန်လှုပ်သွားခဲ့ပြီး အနည်းငယ် ကြီးကြီးကျယ်ကျယ် အနေအထားရှိသော သူမ၏ ဗိုက်ကို ပြန်ချပ်လိုက်သည်။ "အစ်မ၊ နောက်နေတာပဲ"
မြို့စားမိုယု သည် မုရူချင်းကို ကြည့်ကာ မေးသည်။ "မင်း ကောင်းကောင်းစားရဲ့လား?"
မုရူချင်း၏ မျက်လုံးများတွင် ပျော်ရွှင်မှု ပေါ်လာသည်။ သူမက ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "အရှင့် စိုးရိမ်မှုအတွက် ဒီအစေခံ ကျေးဇူးတင်ပါတယ်၊ ပိုင်ရှ က ဒီအစေခံကို ကောင်းကောင်းဂရုစိုက်သလို သမားတော်ကလည်း ဒီအစေခံကို ရက်ရက်အနည်းငယ်ကြာတိုင်း လာကြည့်ပါတယ်။ အားလုံး အဆင်ပြေပါတယ်"
မြို့စားမိုယု ခေါင်းညိတ်လိုက်သည်။ မုရူချင်း၏ကလေးအပေါ်ထားရှိသော သူ၏ခံစားချက်များသည်အခြားသူများ ထက် ပိုမိုရူပ်ထွေးလာခဲ့သည်။ ပြောရရင် ဒီကလေးက သူ့အသွေးအသား ဖြစ်သည်။ ဒါပေမဲ့ ဝမ်ဝမ် ဆီမှ မဟုတ်သည့်အတွက် ကလေးမွေးဖွားလာမည်ကို ဂရုမစိုက်နိုင်ခဲ့ပါ။ သူမ သည် ဤခက်ခဲသော အခြေအနေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားနိုင်ခဲ့သည်။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance