Chapter: 067 ဒီဦးနှောက်မရှိသောမိန်းမ-၂

220 29 0
                                    



Chapter: 067 ဒီဦးနှောက်မရှိသောမိန်းမ-၂

သတိမထားမိပဲ သူ့ခြေထောက်များက သူ့ကို ဖေးဝမ်ခြံဝင်းသို့ ပို့ဆောင်ပေးခဲ့သည်။ မြန့်စန်းယု သည် လက်ရှိတွင် သူမ၏ခြံဝင်းထဲတွင် ဇီးပင်ကို ဖြတ်တောက်နေသည်။ သူမ၏အင်္ကျီလက်များကို ခေါက်ထားပြီး ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆံထုံးထုံးမည့်အစား သူမ၏နောက်ကျောတွင် ချထားသည်။ သူမကို ကြည့်ရတာ နူးညံ့သိမ်မွေ့တယ်။

အရင်တုန်းကတော့ မြန့်စန်းယု ကို သူ မြင်ရတာ မကြိုက်ဆုံးပဲ၊ ယခုမူ သူမကို ပိုကြည့်လေ၊ သူမကို ကြည့်ရတာ သဘောကျလေလေ ဖြစ်သည်။ နင်းယုရွမ် သည် သူ့ကိုယ်သူ တိတ်တဆိတ် ကျိန်ဆဲမိသည်။ ဖေးဝမ်ခြံဝင်း က သူ့စိတ်ကို သက်တောင့်သက်သာဖြစ်စေမယ့် နေရာတစ်ခု ဟု သူ ဘယ်လိုတောင် တွေးမိသွားတာလဲ?

ဂျီမိန် သည် ဝင်ပေါက်နှင့်နောက်ကျောပေးထားသောကြောင့် မြို့စားမိုယု ကို သူမ မမြင်ရပေ။ သို့သော် အနီးနားတွင် ရပ်နေသော မုရွှီ က သူ့ကို မြင်လိုက်သည်။ သို့သော် ဤမိန်းကလေး သည် ဂျီမိန်နှင့်အချိန်များစွာ ကုန်ဆုံးခဲ့ပြီး ပို၍ ဉာဏ်ကောင်းလာခဲ့သည်။ သူမ အသံမထွက်ဘဲ ချက်ချင်းထွက်သွားသည်။

"မုရွှီ ငါ့လက်ကိုင်ပဝါက ဘယ်မှာလဲ?" ဂျီမိန်၏လက်များ သည် ဖုန်မှုန့်များဖြင့် စွန်းထင်းနေခဲ့သည်။ ဖြတ်တောက်ထားသော ဇီးပင်ကို ကြည့်ရင်း သူမရဲ့စိတ် အလွန်ကောင်းဝင်နေခဲ့တယ်။

သူမအနားမှာ တစ်စုံတစ်‌ယောက် ရပ်နေတယ်။ သူမ လက်ကိုင်ပဝါကို ယူ၍ လက်ကို သန့်ရှင်းအောင် သုတ်လိုက်သည်။

အခြေအနေနှင့် ပတ်သတ်၍ တစ်စုံတစ်ခုကို ရှာတွေ့တော့ ဂျီမိန် က ခေါင်းလှည့်လိုက်ရာ နင်းယုရွမ်၏နူးညံ့သော မျက်လုံးများကို တွေ့လိုက်ရသည်။

သူမလက်ကို သူ့ထံမှ အလိုလိုဖယ်လိုက်သည်။

နင်းယုရွမ် ဒေါသမထွက်ပါ။ သူက သူမကို ကြည့်၍ မေးလာသည်။ "ဒီနေ့ မင်း ဘာလို့ ဒီလောက် အေးအေးဆေးဆေး ရှိနေတာလဲ?"

ဂျီမိန် က ကို့ရို့ကားယားပြုံးသည်။ "ဆောင်းရာသီ ရောက်နေပြီ၊ ခြံဝင်းက နွမ်းနေပြီဖြစ်လို့ ဒီအစေခံက ဒီဇီးပင်တွေကို ညှပ်နေတာပါ၊ အခန်းထဲကနေ ဒီအပင်ကို ကြည့်ရင် ဒီအစေခံကို ပိုပျော်ရွှင်စေလိမ့်မယ်"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now